DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ဦးစန်းထွေးကို တင်မြှောက်
DVB
·
February 28, 2019
ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ဦးစန်းထွေးကို တင်မြှောက်
Donate to DVB

လစ်လပ်နေတဲ့ ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌနေရာမှာ ဓနုဖြူ မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းထွေးကို တင်မြှောက်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်က အတည်ပြုရွေးချယ်ခဲ့တာပါ။

လွှတ်တော်အတွက် ကား ၅ စီးဝယ်ယူတဲ့ကိစ္စမှာ အလွဲသုံးစားမှုတွေ ရှိခဲ့တဲ့ဆိုပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဦးစံမင်းအောင်ကို အန်အယ်လ်ဒီ ပါတီကနေ ထုတ်ပယ်ခဲ့တာပါ။

လစ်လပ်နေတဲ့ လွှတ်တော်ဒုဥက္ကဋ္ဌ နေရာအတွက်ကိုတော့ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်က ဦးစန်းထွေးနာမည်ကို အဆိုပြုလွှာ တင်သွင်းခဲ့တာ ဖြစ်ပြီး အခြားအဆိုပြုတဲ့သူ မရှိတဲ့အတွက် ဦးစန်းထွေး ဒုဥက္ကဋ္ဌအဖြစ် လွှတ်တော်က အတည်ပြုလိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013