DVB Logo
Home
မြန်မာသတင်း
ပုဏ္ဍားကျွန်းမြို့နယ်တွင် ရဲကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
February 28, 2019
ပုဏ္ဍားကျွန်းမြို့နယ်တွင် ရဲကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာနဲ့ ကြံခင်းကျေးရွာအကြားမှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီကျော်က မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် ရဲကားတစီးနဲ့ အိမ်စီးကားတစီးတို့ မီးလောင် ပျက်စီးခဲ့ပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပုဏ္ဍားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက “ဖြစ်စဉ်တွေကတော့ မှန်ကန်ပါတယ်။ အတိအကျသိချင်ရင် ရဲစခန်းကိုမေးပါ။ အခုအစည်းအဝေး လုပ်နေပါတယ်”လို့ ဖြေကြားပါတယ်။

ဒီတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်  ၂ ဦး သေဆုံးတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီဗွီဘီက သီးခြား အတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါဘူး။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်က “တိုက်ခိုက်ခံရတာ ဖြစ်တယ်။ မိုင်းခွဲ တိုက်ခိုက်ခံရတာ ထိခိုက်နစ်နာမှုကတော့ အတည်မပြုနိုင်သေးဘူး။ အတိအကျသိချင်ရင် လာခဲ့ပါ ပြောပြပေးမယ်"လို့ပြောပါတယ်။
သတင်း - ဗညား၊ ဓာတ်ပုံ - Naing Minn Thet

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013