Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
February 28, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။     မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Action, Adventure, Crime, Drama အမျိုးအစားရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့ကြမယ့် We Die Young !     ဒီကားကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အစ္စရေး-အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Lior Geller က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ် ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Roads ရုပ်ရှင်ဇာတ်လမ်းတိုတကား တည်းနဲ့ Nominations တွေ၊ Awards တွေ အများကြီးရရှိထားပြီး Guiness World Record မှာ စံချိန်တင်ထားနိုင်ခဲ့တဲ့ ဒါရိုက်တာတဦး ဖြစ်ပါတယ်။     Lucas ဟာ အသက် ၁၄ နှစ်အရွယ် ကောင်လေးတယောက်ဖြစ်ပြီး ၀ါရှင်တန်ဒီစီ မြို့တော်ရဲ့ မူးယစ်ဂိုဏ်းတခုထဲမှာ သူ့ရဲ့ ၁၀ နှစ်အရွယ် ညီဖြစ်သူနဲ့အတူ ပိတ်မိနေခဲ့ တယ်။ ဒီအန္တရာယ်ရှိတဲ့ အ၀န်းအ၀ိုင်းကနေ လွတ်မြောက်ဖို့ ကြိုးစားပေမယ့် သူ့ရဲ့ ညီ က လိုက်မလာချင်ဘူးဖြစ်နေတယ်။ ဒီအချိန်မှာ အာဖဂန်နစ္စတန်စစ်ပြန်ဟောင်းတဦးက သူတို့နားကို ရောက်လာခဲ့ချိန်မှာတော့ အခွင့်အလမ်းပေါ်လာခဲ့တယ်။ သူတို့ညီအစ်ကို ကို မူးယစ်ဂိုဏ်းထဲကနေ ကယ်ထုတ်နိုင်ဖို့ ဒီစစ်ပြန်ကြီးက ကူညီပါ့မလား။ ဒီအခက်အ ခဲတွေက သူတို့ လွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ် ပါတယ်။     ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဟောလိဝုဒ်သရုပ် ဆောင်မင်းသားကြီး Jean-Claude Van Damme က စစ်ပြန်ကြီး Daniel အဖြစ်ပါဝင် ထားပြီး Lucas နေရာမှာတော့ ဆယ်ကျော်သက်သရုပ်ဆောင်မင်းသား Elijah Rodriguez တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေလည်း အများ ကြီးပါဝင်ထားကြတာ ဖြစ်ပါတယ်။     ဒီကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက် တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။     IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 8.6 အထိ ရရှိထားပါတယ်။     ကြာမြင့်ချိန် ၁၂၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။     နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Biographical Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ကား - Saint Judy !     ဒီကားကိုတော့ Blue Fox Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး အမေ ရိကန် ဇာတ်ညွှန်းရေးဆရာ၊ ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Sean Harnish က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ အမေရိကန်နိုင်ငံသမိုင်းမှာ ထင်ရှားခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ရှေ့နေအမျိုးသမီး Judy Wood ရဲ့ အကြောင်းကို ပရိသတ်တွေက ရှုစားကြရမှာပါ။ သူဟာ အမေရိကန်နိုင်ငံထဲကို ရွှေ့ပြောင်း အခြေချနေထိုင်ဖို့ ကြိုးစားကြတဲ့ ကမ္ဘာတလွှားမှ အမျိုးသမီးတွေရဲ့ ဘ၀တွေကို ကယ်တင်နိုင်ဖို့ အမေရိကန်ဒုက္ခသည်များဆိုင်ရာ  ခိုလှုံခွင့်ဥပဒေ ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့သူတယောက်ဖြစ်ပြီး ဒီကားထဲမှာတော့ ဘယ်လိုပုံဖော်ရိုက်ကူး ထားမလဲဆိုတာကို မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသမီး Michelle Monaghan က Judy Wood အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး ပါလက်စတိုင်းသရုပ်ဆောင်မင်းသမီး Leem Lubany ၊ အမေရိကန်သရုပ်ဆောင်မင်းသား Common ၊ အာဖဂန်ဖွား သရုပ်ဆောင်မင်းသား Fahim Fazli တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 5.8 အထိ ရရှိထားပါတယ်။     ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့် တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ် ထားပါတယ်။     ကြာမြင့်ချိန် ၁၀၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ LA Film Festival မှာ ကနဦး ပြသခဲ့ပြီး လာမယ့် မတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူးထူးခြားခြား မြန်မာဂန်းစတားအက်ရှင်ကားတကားဖြစ်တဲ့ မြို့ပြမုဆိုးများ !     ဒီကားကိုတော့ Bonanza ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လူငယ်ရုပ်ရှင်ဒါရိုက်တာ ဥာဏ်ထင်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲမှာတော့ မြို့ပြဒုစရိုက် လောကသားတွေရဲ့ ဥပဒေပြင်ပက လုပ်ငန်းတွေ၊ အချင်းချင်း တဖွဲ့နဲ့တဖွဲ့ မကြေလည်တဲ့ ရန်ငြိုးတွေနဲ့အတူ  အပြန်အလှန် တိုက်ခိုက်ကြတဲ့ အက်ရှင်အပစ်အခတ်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။     ဒါရိုက်တာ ဥာဏ်ထင်ဟာ မနှစ်က ရုံတင်ပြသခဲ့တဲ့ Dimensions မျက်နှာပြင်များ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ဒီကားကတော့ သူ့ရဲ့ ဒုတိယမြောက်လက်ရာအနေနဲ့ ရှုစားကြရမယ့် ရုပ်ရှင်ကား ဖြစ်ပါတယ်။     ဒီကားထဲမှာ သရုပ်ဆောင်မင်းသားမင်းသမီးတွေအနေနဲ့ ခါရာ၊ ရန်အောင်၊ ဇင်ဝိုင်း၊ ပြည့်ဝတီမောင်၊ မင်းမြတ်စိုးစံ၊ ခန့်ညား၊ ဂျာဆိုင်းအိန်စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်သရုပ်ဆောင်ထားကြပါတယ်။     မြို့ပြမုဆိုးများ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ရန်ကုန်မြို့၊ JCGV ရုပ်ရှင်ရုံမှာ ဖေဖော်ဝါရီလနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် စာမျက်နှာပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော် ရှိနေခဲ့တာပါ။     ဒီကားကိုတော့ လာမယ့် မတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟောလိဝုဒ် ဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Boy Who Harnessed the Wind !     ဒီကားကတော့ မာလာဝီနိုင်ငံသား နာမည်ကြီး စာရေးဆရာ William Kamkwamba ရဲ့ ၀တ္ထုကို ရုပ်ရှင်အဖြစ် ပုံဖော်ဖန်တီးထားတာ ဖြစ်ပြီး အွန်လိုင်းမီဒီယာ ကော်ပိုရေးရှင်းတခုဖြစ်တဲ့ Netflix က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။     ဒီကားကို ဒါရိုက်တာ နိုက်ဂျီးရီးယား-ဗြိတိန်သရုပ်ဆောင်မင်းသား Chiwetel Ejiofor က ဒါရိုက်တာအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 6.7 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲမှာတော့ တောင်အာဖရိက ကုန်းပိတ်နိုင်ငံတနိုင်ငံဖြစ်တဲ့ မာလာဝီ နိုင်ငံမှာ အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ကောင်လေးတ ယောက်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တီထွင်ကြံဆမှုကို ရှုစားကြရမှာပါ။ သဘာဝဘေး အန္တရာယ်တွေ၊ မိုးခေါင်ရေရှားမှု၊ လျှပ်စစ်အလုံအလောက်မရနိုင်တဲ့ အခြေအနေတွေ ကြားမှာ သူနေထိုင်တဲ့ ကျေးရွာနဲ့ မိသားစုတွေ အငတ်ဘေးက လွတ်မြောက်နိုင်ဖို့ ထင်မ ထားတဲ့ နည်းလမ်းတခုနဲ့ တီထွင်မှုတခုကို လုပ်ခဲ့ချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance International Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မတ်လ ၁ ရက်နေ့မှာ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ပေါ့ ပေါ့ပါးပါး ဟာသရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် လူလည်ကြီးများရွာ !     ဒီကားကိုတော့ တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ် ပြီး နာမည်ကြီးစာရေးဆရာ အကြည်တော်ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ခန့် စည်သူ၊ ပြေတီဦး၊ ခိုင်သင်းကြည်နဲ့ အိချောပိုတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြား ဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။     လူလည်ကြီးတွေ ဆရာကြီးတွေ နေတဲ့ရွာထဲမှာ ဆရာကျတဲ့သူက ဘယ်သူဖြစ်မလဲ၊ ဘယ်သူက ဘယ်လို လူလည်ကျပြီး အကျော်အခွဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ကျေးလက်ဟာသ ဆန်ဆန် ရိုက်ကူးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှု စားကြရတော့မှာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် တော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၉ သိန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။     ဒီကားကိုတော့ လာမယ့် မတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ ပရိသတ် တွေအတွက် သတင်းကောင်းပါးလိုက်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024