Wednesday, May 31, 2023
Homeသတငျးတိုဆရာမောင်ဝံသ အဆုတ်ကင်ဆာဝေဒနာ ခံစားနေရ

ဆရာမောင်ဝံသ အဆုတ်ကင်ဆာဝေဒနာ ခံစားနေရ

စာရေးဆရာ၊ သတင်းစာဆရာ ဆရာမောင်ဝံသဟာ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားနေပြီလို့ ဆရာမောင်ဝံသရဲ့ ဖေ့စ်ဘွတ်အင်တာနက်စာမျက်မှာ သူကိုယ်တိုင် ဒီနေ့ ရေးသားဖော်ပြလိုက် ပါတယ်။

စင်ကာပူနိုင်ငံမှာ အောက်တိုဘာ ၁ ရက်နဲ့ ၂ ရက်တို့မှာ ဆေးစစ်ခဲ့ပြီး ဒီနေ့ ဆေးစစ်ချက် ထွက်လာတဲ့အခါ စင်ကာပူ Mt Elizabeth ဆေးရုံက အဆုတ်ပါရဂူ ဆရာဝန်ကြီး Dr Philip Eng က အဆုတ်ကင်ဆာအဖြစ် ဆုံးဖြတ်လိုက်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

ဆရာမောင်ဝံသ

စင်ကာပူမှာပဲ ဆေးသွင်းကုသမှု ဆက်လက်ခံယူပြီး၊ အောက်တိုဘာလလယ်မှာ ရန်ကုန်ပြန်ရောက်မယ်လို့ သိရပါတယ်။

ဆရာမောင်ဝံသဟာ ပြည်တွင်းထုတ်ဂျာနယ်တွေမှာ နိုင်ငံပြုပြင်ပြောင်းလဲရေး ဆောင်းပါးတွေ အဆက်မပြတ်ရေးသားနေပြီး၊ လတ်တလောမှာ ရခိုင်အရေး စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် တဦးအနေနဲ့လည်းကောင်း၊ စာနယ်ဇင်းကောင်စီယာယီ ဒုတိယဥက္ကဋ္ဌ တဦးအနေနဲ့လည်းကောင်း ပါဝင်လုပ်ကိုင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

စင်ကာပူကို  ဆေးစစ်ဖို့ မသွားခင်မှာ ရခိုင်ကော်မရှင်အဖွဲ့ဝင် တဦးအနေနဲ့ ရခိုင်ပြည်နယ်အတွင်း လှည့်လည်စုံစမ်းရေးခရီး သွားရောက်ခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular