ထရမ့်၏ အရေးပေါ်အခြေအနေ ကြေညာချက်အား တားဆီးမည့်ဆုံးဖြတ်ချက် အောက်လွှတ်တော် အတည်ပြု

ဓာတ်ပုံ - AFP/Getty Images
919
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသား အရေးပေါ်အခြေအနေ ကြေညာချက်ကို တားဆီးမယ့် ဆုံးဖြတ်ချက်တရပ်ကို အမေရိကန် အောက်လွှတ်တော်က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၂၄၅ မဲ၊ ကန့်ကွက်မဲ ၁၈၂ မဲနဲ့ အတည်ပြုပြီး ရီပတ်ဘလစ်ကန်အမတ် ၁၃ ဦးကလည်း ဒီမိုကရက်တွေနဲ့အတူ ပူးပေါင်းခဲ့ပါတယ်။
ဒီလို အတည်ပြုပြီးတဲ့နောက် ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်ကို ပေးပို့သွားမှာပါ။
အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေက အမတ်နေရာအများစု ရထားပေမယ့် ဒီဆုံးဖြတ်ချက်ကို ဒီမိုကရက်တွေနဲ့အတူ အတည်ပြုမယ့် လုံလောက်တဲ့ ရီပတ်ဘလစ်ကန် အရေအတွက်ရဖို့ အခွင့်အလမ်း ကောင်းနေပါတယ်။
ဒါပေမယ့်လည်း သမ္မတအမိန့်ကို ပယ်ဖျက်ဖို့ဆိုရင် လွှတ်တော် မဲအရေအတွက် သုံးပုံနှစ်ပုံ လိုအပ်မယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။