Home
မြန်မာသတင်း
လွှတ်တော်အနီး ဒရုန်းလွှတ်ခဲ့သည့် ပြင်သစ်နိုင်ငံသားကို အလုပ်နှင့် ထောင်ဒဏ် ၁ လချမှတ်
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 27, 2019
52853967_783051485402810_2624986768960651264_o
နေပြည်တော်လွှတ်တော်အနီးနားမှာ ဒရုန်းလွှတ်တင်ခဲ့တဲ့  ပြင်သစ်နိုင်ငံသား တဦးကို ဥတ္တရသီရိမြို့နယ်တရားရုံးက ဒီကနေ့ အလုပ်နဲ့ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ပါတယ်။ မြို့နယ် တရားသူကြီး ဒေါ်စုလာဘ်ရတနာဦးက “သူဟာ နိုင်ငံခြားသားဖြစ်တယ်။ မြန်မာနိုင်ငံအတွင်းကို ဒရုန်းသယ်လာခွင့်ရှိမရှိ မသိရှိတဲ့အတွက် ရုံးတော်က သက်ညှာတဲ့ အနေနဲ့ ပြစ်ဒဏ် အလုပ်နဲ့ ထောင်ဒဏ် တလအမိန့်ချမှတ်ပါတယ်"လို့ ပြောပါတယ်။ ပြင်သစ်နိုင်ငံသား Mr.Michel Desclaux ဟာ လွှတ်တော်နားမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဒရုန်းလွှတ်တင်ခဲ့မိတာကြောင့်  အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဆိုပါ ပြင်သစ်နိုင်ငံသားဟာ တရားဝင် ဗီဇာနဲ့ ဇန်နဝါရီ ၃၀ ရက်က မြဝတီ နယ်စပ်ဂိတ်ကနေ စက်ဘီးနဲ့ ဝင်ရောက်လာတာဖြစ်ပြီး နေပြည်တော်ကို လာရာ လမ်းတလျှောက်က မြို့တွေမှာလည်း မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024