DVB Logo
Home
မြန်မာသတင်း
မန္တလေး ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်
DVB
·
October 3, 2012
မန္တလေး ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်
Donate to DVB

မန္တလေးမြို့မှာ စက်တင်ဘာလ ၃၀ နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပရံချောင်း ရေလျှံမှုကြောင့် မြို့သစ်နေရာ တချို့မှာ ရေတွေဝင်ရောက်လာပြီး ပြန် မထွက်တာကြောင့် ဒေသခံ ရေဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်နေပါတယ်။

မန္တလေးမြို့သစ်က အောင်ပင်လယ် ရပ်ကွက်၊ အောင်သာယာ ရပ်ကွက်၊ ကံသာယာ ရပ်ကွက်၊ မြရည်နန္ဒာ ရပ်ကွက်၊ ထွန်တုံး ရပ်ကွက်၊ သိုးခြံဘူတာ အနီး တ၀ိုက် ရေကြီးရေလျှံ မှု ဖြစ်ပွားခဲ့ပါတယ်။

[caption id="attachment_31537" align="alignleft" width="266" caption="(ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

ဒီမနက်ပိုင်းမှာ ရေကျသွားပေမယ့် ရေဘေးရှောင်သူတချို့ ဓမ္မာရုံမှာပဲ နေထိုင်ကြပြီး မိုးများရင် ဆည်တော်ကြီး ရေလွတ်မှာကို ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ရေကြီး ရပ်ကွက်မှာနေထိုင် တဲ့ စာရေးဆရာမ ငြိမ်းရွှေလီက ပြောပါတယ်။

“အခုက ရေကျသွားပြီ။ လပြည့်နေ့က မနက်မိုးရွာပြီး ည ရေကြီးတယ်လေ။ ရေတွေက တရိပ်ရိပ်တက်လာပြီး အိမ်တွေမြုပ်တာပေါ့။ ချောင်း အနောက်ဘက်၊ အရှေ့ဘက် အရမ်းနစ်တာ။ ရေနစ်တဲ့အိမ်တွေက ပြေးတာပေါ့။ မနေ့က ၁ ရက် ဒီနေ့ညနေ ရပ်ကွက်က ပိုက်ဆံစုအလှူခံပြီး ထမင်းကျွေးတယ်။ အခုတော့ ရေကျသွားပြီ။ စိတ်ပူတာက ဒါက ပထမရေလေ၊ နောက် ရေတွေ ထပ်ကာ ထပ်ကာလာရင် ဆည်တော်ကြီးကနေ ရေတွေကို မကြေညာဘဲ အလုံးအရင်း လွှတ်လိုက်မှာ ကြောက်တာပေါ့နော်။”

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းကတော့ ဆည်တွေ ရေမလွှတ်သေးတဲ့အကြောင်းနဲ့ ပရံချောင်းရေကြီးမှုကြောင့် ရေကြီးတာ လို့ ပြောပါတယ်။

“ဆည်တော်ကြီး ရေမပြည့်သေးပါဘူး၊ ကျနော်တို့ ဆည်ရေ မဖောက်ပါဘူး။ အပေါ်မှာ ရွှေစာရံတို့၊ ထုံးဘိုတို့၊ ပြင်ဦးလွင်ဘက်က မိုးများလို့ လျှံလာတဲ့ရေပါ။ ဆည်တော်ကြီးရေ မဟုတ်ပါဘူး။”

ရေကြီးမှုကြောင့် ရေဘေးကြုံနေရတဲ့ အနိမ့်ပိုင်းကွက်က ဒေသခံတွေအတွက် နိဗ္ဗာန်ရွှေပြည်နဲ့ မြင့်မြတ်သူ လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပြီး ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ရေတွေက ၂ ပေလောက် အနည်းဆုံး ၀င်ရောက်ခဲ့ပြီး တချို့မြေနိမ့်တဲ့နေရာမှာ အိမ်ခေါင်မိုးထိ ရောက်နေတယ်လို့ ရေဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိဗ္ဗာန်ရွှေပြည် လူမှုအကူအညီပေးရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးတင်ယုမောင်က ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေအတွက် ထမင်းထုပ်တွေ အိမ်တိုင်ရာရောက် လိုက်လံဝေငှနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ကူညီပေးတာတော့ မတွေ့ရသေးဘူးလို့ ဦးတင်ယုမောင်က ပြောပါတယ်။

ရေကြီးမှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိသေးသလို ရေကြောင့်ဖြစ်တဲ့ ရောဂါတွေလည်း  စိုးရိမ်စရာ မရှိသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013