မန္တ​လေး မဟာ​အောင်​​မြေမြို့နယ်တွင် နေအိမ်​ ၁ လုံးမီး​လောင်

မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ မဟာအ​နောက်​ အကွက်​ ၅၁၅ ​ညောင်​ပင်​သာရပ်​မှာ ဒီကနေ့  လူနေအိမ်တလုံး မီးလောင်ပျက်စီးသွားပါတယ်​။ အိမ်​ရှင်​ဖြစ်​သူ​ ဒေါ်ချိုက “ကျမက ဒီ​နေ့အိမ်​မှာမရှိဘူး အလှူသွား​နေတာ။ အိမ်​ကို​တော့ ပိတ်​ထားခဲ့တယ်​။ ကျမအိမ်​ မီး​လောင်​တယ်​လို့ ​ကြားတာနဲ့ အခုမှပြန်​လာခဲ့ရတာ အိမ်​​အောက်​ထပ်​ ​တော့ မီး​လောင်​ခဲ့တယ်​။ အဝတ်​အစားနည်းနည်းနဲ့ အိမ်​သုံး​ဆောင်​​တွေ​လောက်​ပဲ ​လောင်​သွားတယ်”​လို့​ ​ပြောပါတယ်​။ မီး​လောင်​ရာကို အဆင့် ၁ သတ်​မှတ်​ပြီး မီးသတ်​ကား ၁၀ စီး အရန်​မီးသတ်​ ၂၀ သ​န္ဓေ ၃၅ ​ရောက်​နဲ့အတူ မန္တ​လေးခရိုင်​မီးသတ်​တပ်​ဖွဲ့နဲ့  ရပ်​ကွက်နေ ပြည်​သူတွေက ဝိုင်းဝန်း မီးငြှိမ်း သတ်​ခဲ့ကြပါတယ်​။ ​ငွေကျပ်​ ၂ သိန်း​ကျော်​ဖိုးဆုံးရှုံးခဲ့တဲ့ မီးစတင်​​လောင်​ခဲ့တဲ့ အိမ်​ရှင်​ ဒေါ်ချိုကို မီး​ပေါ်ဆမှု ပုဒ်​မ ၂၈၅ နဲ့ အမှတ်​ ၇ နယ်​​မြေရဲစခန်းမှာ အမူဖွင့်အ​ရေးယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up