အိမ်ရှင်မတွေကို လစာပေးသင့်ရဲ့လား

အိန္ဒိယမှာ ခင်ပွန်းသည်တွေက အိမ်ရှင်မတွေကို အိမ်ဝေယျာဝစ္စအတွက် လခပေးရမယ်ဆိုတဲ့ ဥပဒေတရပ်ကို ပြဋ္ဌာန်းနိုင်ဖို့ မူကြမ်းရေးဆွဲထားပါတယ်။ အိန္ဒိယအစိုးရရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကတော့ ဒီဥပဒေဟာ ချောင်ထိုးခံထားရတဲ့ အမျိုးသမီးတွေကို အင်အားမြင့်မားလာစေမယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ဥပဒေကို အိမ်ထောင်ရှင်အမျိုးသားတွေနဲ့ အမျိုးသမီးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။ ဒီအကြောင်း သတင်းထောက် ဘစ္စမေလာ ဂီလာနီက နယူးဒေလီကနေ သတင်းဆောင်းပါးပေးပို့ ထားတာကို နားဆင်ကြရမှာပါ။

More News
Up