တောင်တွင်းကြီးမြို့က တပ်တွင်း အနိုင်ကျင့်မှုများ ဖြေရှင်းပေးပါ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ စခတ ၇ (စစ်အခြေခံလေ့ကျင့်ရေးတပ်) မှာ စစ်အိုစစ်နာကြီးတွေဟာ စစ်တပ်ကနေ ထွက်ခွင့်မရတဲ့အပြင် အရာရှိငယ်တွေရဲ့ ဆဲဆိုတာတွေကို ခံနေရပါတယ်။ စစ်တပ်က ထွက်ရင် ရဲဘော် ၂ ဦး စုပေးရမှာဖြစ်ပြီး မပေးနိုင်ရင် ရဲဘော်တဦးကို ၂ သိန်းနှုန်းနဲ့ ၂ ဦးအတွက် ၄ သိန်းပေးမှ အထက်ကို စာတင်ပေးမယ်လို့ တပ်ရင်းမှူးတွေနဲ့ ရုံးအုပ်ကြီးက ပြော ပါတယ်။ ဒါ့အပြင် တပ်တွင်းမှာလည်း ရဲမေတွေကို မိုးလင်းမိုးချုပ် လုပ်အားပေးခိုင်းပြီး အလုပ်မှာတင် အချိန်ကုန်နေလို့ အိမ်မှုကိစ္စတွေ မလုပ်နိုင်တဲ့အတွက် အိမ်ထောင်ရေး အဆင်မပြေဖြစ်နေကြ ပါတယ်။ ရဲဘော်တွေကိုလည်း ရုံးဖွင့်ရက်တွေမှာ လုပ်အားပေးခိုင်းစေနေပါတယ်။ ရဲဘော်ချင်း စကားများရန်တဲ့အခါမှာလည်း အချုပ်ထဲ ထည့်ပြီး ညှဉ်းပန်းနှိပ်စက်တဲ့အတွက် ရဲဘော်တဦး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးသွားပါတယ်။ စခတ ၇ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူတွေ အခုလို တပ်တွင်းအနိုင်ကျင့်မှုတွေကို သမ္မတကြီးနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သိရှိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ပါတယ်။ တောင်ကြီးမြို့နေ ရဲဘော်ဟောင်းတဦး

More News
Up