မောင်​​တောခရိုင်တွင်  တက္ကသိုလ်ဝင်စာ​မေးပွဲအား ​စာစစ်​ဌာန ၇ ခုဖွင့်လှစ်​ စစ်​​ဆေးမည်

၂၀၁၈-၁၉ ပညာသင်​နှစ်​ တက္ကသိုလ်​၀င်​ စာ​မေးပွဲကို မောင်​​တောမြို့နယ်​မှာ​ စာစစ်​ဌာန ၇ ခု ဖွင့်လှစ်​​ဆေးသွားမယ်လို့ မောင်​​တောခရိုင်​ပညာ​ရေးမှူးရုံး  ဦးခင်​​အောင်​က​ ပြောပါတယ်​။ ​မောင်​​တောမြို့မှာ စာစစ်ဌာန ၂ ခု ဘူသီး​တောင်​မြို့မှာ ၅ ခု ဖွင့်​လှစ်​စစ်​​ဆေး သွားမှာ ဖြစ်ပြီး ​လျောက်လွှာတင်​ထားတဲ့ ​ကျောင်းသူ/သား ဦး​ရေက ​​မောင်​​တောမှာ ၁၁၅၅ ဦး ​ဘူးသီး​တောင်​မြို့မှာ ၁၈၅၁ ဦး   စုစုပေါင်း မောင်​​တောခရိုင်​တ​ခုလုံးမှာ ၃၀၀၆ ဦး​ရှိတယ်​လို့ လည်း ပြောပါတယ်​။ အရင်​ ၂၀၁၆-၁၇ ပညာသင်​နှစ်​မှာ ​မောင်​​တောမြို့မှာ​ တက္ကသိုလ်​၀င်​ စာ​မေးပွဲ စာစစ်ဌာန ၃ ခုဖွင်​လှစ်​ စစ်​​ဆေးခဲ့​ပေမယ့်လည်း ၂၀၁၇ ခုနှစ် အကြမ်းဖက်​မှုအပြီး ​နံသာ​တောင်​ စာစစ်​ဌာနကို မြို့​ပေါ်မှာပေါင်းစစ်​​ဆေး​နေတာပါ။ အခု ၂၀၁၈-၁၉ နှစ်မှာလည်း  နံသာ​တောင်​ စာစစ်​ဌာနကို ​မောင်​​တောမြို့မှာပဲ ​ပေါင်းစစ်​​ဆေးမယ်လို့ သိရပါတယ်​။ ၂၀၁၈-၁၉ ပညာသင်​နှစ်မှာ​ မောင်​​တောမြို့နယ်​အတွင်း တက္ကသိုလ်​၀င်​ စာ​မေးပွဲကို ​​ကျောင်းသား/သူ ၁၁၅၅ ဦး ​လျှောက်လွှာတင်သွင်းထားပါတယ်​။ ၂၀၁၆-၁၇ ပညာသင်​နှစ်မှာ ​မောင်​​တောမြို့နယ်​မှာ တက္ကသိုလ်​၀င်​ စာ​မေးပွဲကို ​​ကျောင်းသား/သူ ၂၀၅၂ ဦး ​လျှောက်လွှာတင်​သွင်းခဲ့ပြီး  ၂၀၁၇-၁၈ ပညာသင်​နှစ်မှာ​ ​ ဦး​ရေ ၈၇၉ ဦးသာရှိခဲ့ပါတယ်​။ ဗညား

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up