DVB Logo
Home
မြန်မာသတင်း
စစ်ရှောင် ကချင် ၆ သောင်း အကူအညီလိုအပ်
DVB
·
October 2, 2012
စစ်ရှောင် ကချင် ၆ သောင်း အကူအညီလိုအပ်
Donate to DVB

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအလှူရှင်တွေဟာ တရုတ်-မြန်မာ နယ်စပ် တလျှောက် ရှောင်တိမ်းနေကြရတဲ့  ကချင်ရွာသား ၆ သောင်းအပေါ် လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးအပ်ဖို့ ပျက်ကွက်နေတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံးက ထုတ်ပြန်လိုက်ပါတယ်။

“ဖိစီးနှိပ်စက်မှုကနေ ချို့ငဲ့ဆင်းရဲမှုသို့” လို့ အမည်ရှိတဲ့ အစီရင်ခံစာကို ကချင်အမျိုးသမီးအစည်းအရုံးက ဒီနေ့ ထုတ်ဝေဖြန့်ချိတဲ့အထဲမှာ ထည့်သွင်းဖော်ပြထားတာပါ။

အထောက်အထား အချက်အလက်တွေအရ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ အစိုးရအကြား စစ်ပွဲတွေပြန်ဖြစ်တဲ့ မနှစ် ဇွန်လကနေ အခုထက်တိုင် ၁ နှစ်ခွဲနီးပါး ကာလအတွင်းမှာ စစ်ပြေးစစ်ရှောင်သူ ၁ သိန်းလောက်ရှိပြီး ကေအိုင်အိုထိန်းချုပ်တဲ့ ဧရိယာထဲမှာ ခိုလှုံနေသူ ၆ သောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ ၆ သောင်းလောက်ဟာ အခြေခံအစားအစာ လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းကိုသာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အကူအညီပေးရေး အုပ်စုတွေဆီကနေ ရရှိတယ်လို့ ဆိုပါတယ်။

အဲဒီသူတွေအတွက် တလကို အမေရိကန်ဒေါ်လာ ၂ သန်းလိုအပ်နေပြီး အဲဒီကွက်လပ်ကို ပုဂ္ဂလိကအလှူရှင်တွေနဲ့ ပြည်ပရောက် တနယ်တည်းသားတွေက ထည့်ဝင်နေကြတာ ၀န်ထုပ်ဝန်ပိုးတခုလို ဖြစ်ပြီး ရေရှည်အတွက် မလွယ်ကူတော့တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်တွေအပေါ် ထိုးစစ်တွေကို ချက်ချင်းအဆုံးသတ်ဖို့ ကချင်အမျိုးသမီးအစည်းအရုံးက တောင်းဆို လိုက်ပြီး တရုတ်-မြန်မာနယ်စပ်က စစ်ရှောင် ကချင်ရွာသားတွေထံ အကူအညီ တိုးမြှင့်ပေး နိုင်ရေးကို နိုင်ငံတကာအလှူရှင်တွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထား ပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံးရဲ့ ပူးပေါင်းဆောင်ရွက်ရေးမှူး မွန်းနေလီက “ကမ္ဘာကြီးက မြန်မာပြည်ကို အလှူတွေ အလုံးအရင်းနဲ့ ၀င်ရောက်နေပါတယ်။ ဒါဆို ဘာကြောင့် ကချင်တွေကို လျစ်လျူရှုနေတာပါလဲ” လို့ မေးခွန်းထုတ်ထားပါတယ်။

အခုအခါ တရုတ်-မြန်မာနယ်စပ်က ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဌာနချုပ်အနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ကချင်အရပ်သားတွေအတွက် ထပ်ပြီး အန္တရာယ်ကြုံနေရတယ်လို့လည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013