Home
မြန်မာသတင်း
မြောက်ဦးတွင် တိုက်ပွဲကြောင့် ခူလှိုင်ကျေးရွာသား ၆၀ ကျော် ထွက်ပြေး
DVB
·
February 25, 2019
53359535_143226703366398_7090081370277412864_n
53348951_143226846699717_1939502274757787648_n
53265497_143226510033084_5503826519094460416_n
53050605_143226586699743_5157893777012031488_n
52820221_143226793366389_1553724356566188032_n
52630642_143226606699741_1888929803646533632_n
52630295_143226480033087_6983806072439963648_n
တိုက်ပွဲတွေကြောင့် ​မြောက်​ဦးမြို့နယ်​၊ ခူလှိုင်​ကျေးရွာမှာ နေထိုင်တဲ့  မြိုလူမျိုး ၆၀ ကျော် ထွက်ပြေးလာပြီး တိမ်​ညိုရွာသစ်​မူလတန်း​ကျောင်းမှာ လာရောက်ခိုလှုံနေကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာတာဖြစ်ပြီး အများစုက အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဖြစ်ကြပါတယ်။ ခူလှိုင်ကျေးရွာမှာ အမျိုးသားတချို့သာကျန်ခဲ့ပြီး ဒီရက်ပိုင်းအတွင်း ကျေးရွာအနီးနား တ၀ိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကာ ကျန်းမာရေး မကောင်းတဲ့ သူတွေလည်း ပါတဲ့အတွက် ဆေးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။ အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာနဲ့ စစ်ဘေးရှောင်တိမ်းလာရတဲ့ တိမ်ညို့ကျေးရွာဟာ ၅ မိုင်လောက်ဝေးပြီး အိမ်ခြေ ၆၀ ဝန်းကျင်ရှိပါတယ်။ အဲဒါအပြင် ​မြောက်​ဦးမြို့နယ်​ ​အောက်​သားကန်​​ကျေးရွာမှာလည်း စစ်​​ဘေး​ရှောင်​ ၂၀၀ ဝန်းကျင်နဲ့ မြို့နယ်​စေတီ​တောင်​​ကျေးရွာဘက်မှာလည်း စစ်​​ဘေး​ရှောင်​ ၁၀၀ ​ကျော် ​​ရောက်​ရှိ​နေ​တယ်လို့ သိရပါတယ်။ အဆိုပါ ဒုက္ခသည်​တွေဟာ​ ​မြောက်​ဦးမြို့နယ်​နဲ့ ​ကျောက်​​တော်​မြို့နယ်​တ​၀ိုက်​မှာ အေ​အေ နဲ့ တပ်​မ​တော်တို့ တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် အခုလို ဘေးလွတ်ရာမှာ လာရောက်ခိုလှုံနေကြတာပါ။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024