ထူးအိမ်သင်အမှတ်တရ ပုသိမ်မြို့က ‘ဝေးသွားတဲ့အခါ’ ဂီတပွဲ (ဓာတ်ပုံ)
သော်ဇင်မျိုး
·
February 25, 2019
ကိုငှက်လို့ ပရိတ်သတ်တွေချစ်စနိုးခေါ်ကြတဲ့ အဆိုတော် ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၅ နှစ်မြောက် အောက်မေ့ဖွယ် အထိမ်းအမှတ် ‘ဝေးသွားတဲ့အခါ’ လို့အမည်ပေးထားတဲ့ ဂီတပွဲကို ပုသိမ်မြို့၊ ကန်သုံးဆင့် Royal Lake ပန်းခြံမှာ မနေ့ညကကျင်းပပါတယ်။
ဒီပွဲကိုပုသိမ်မြို့က ထူးအိမ်သင် ပရိသတ်တွေ စုပေါင်းကျင်းပတာဖြစ်ပြီး ထူးအိမ်သင် ရဲ့မိခင်လည်း တက်ရောက်ခဲ့ပါတယ်။
ပုသိမ်မြို့မှာတော့ ၂၀၁၄ ခုနှစ် ထူးအိမ်သင် ၁၀နှစ်ပြည့်ကစတင်ပြီး ဝေးသွားတဲ့အခါ ခေါင်းစဉ်နဲ့အောက်မေ့ဖွယ် ဂီတပွဲတွေကို ပုသိမ်မြို့က ထူးအိမ်သင်သူငယ်ချင်းတွေနဲ့ ထူးအိမ်သင်ချစ်သူတွေ စုပေါင်းပြီး ကျင်းပခဲ့တာပါ။
ပုသိမ်မြို့ဟာဆိုရင် ထူးအိမ်သင် တက်ရောက်ခဲ့တဲ့ ပုသိမ်ဒေသကောလိပ်နဲ့ သူ့သူငယ်ချင်းတွေနဲ့အတူ ထူးအိမ်သင်အမှတ်တရ များစွာရှိနေတဲ့မြို့လည်းဖြစ်ပါတယ်။