ရင်ဖွင့်စာ
DVB
·
February 24, 2019
အနံ့အသက်ဆိုးတွေထွက်နေတဲ့ အလံတပိုကျေးရွာက ကြက်ခြံ ကျနော်က ရန်ကုန်တိုင်းဒေသကြီး လှည်ကူးမြို့နယ် အလံတပို ကျေးရွာမှာ နေထိုင်ပါတယ်။ ရပ်ကွက်အတွင်း ကြက်မွေးမြူရေးခြံလုပ်ကိုင်နေတာ ရှစ်နှစ်ကျော်ပါပြီ။ အနံ့အသက်ဆိုးတွေကို ထွက်နေလို့ ကျေးရွာဥက္ကဋ္ဌကို အကြိမ်ကြမ်တိုင်ပါတယ်၊ ထိထိရောက်ရောက် အရေးမယူပါဘူး။ ကျနော်က တခြားနယ်က ပြောင်းလာသူဆိုတော့ အနံ့အသက်ဆိုးကို ခံစားရတာ ရှစ်နှစ်ကျော်ပါပြီ။ မခံစားနိုင်လို့ ရင်ဖွင့်မိတာပါ။ သက်ဆိုက်ရာ လူကြီးများ သိနိုင်ပါစေ။ ရတနာပေါက်ကျေးရွာက ပျက်စီးနေတဲ့ စာသင်ကျောင်းလေး ကျနော်က ပေါင်းတည်မြို့နယ်၊ ရတနာပေါက်ကျေးရွာ ကပါ။ လိုအပ်ချက် ရင်ဖွင့်ချင်လို့ပါ။ ကျနော်တို့ ကျေးရွာက စာသင်ကျောင်းကလေးဟာ စုပ်ပြတ်ပြီး ပျက်စီးနေတာဟာ ကြည့် မကောင်းအောင်ပါပဲခင်ဗျာ။ ဒါကလေးကို  ကူညီပေးကြဖို့ ဒီဗွီဘီကတဆင့် အကူအညီ တောင်းခံအပ်ပါတယ်။ ကျောင်းသားမိဘတဦး ကျောင်းသူ/သားများ ယာဉ်အန္တရာယ်ရှိလို့ စကျင်ရွာ ဈေးတန်း ဖယ်ရှားပေးပါ မန္တးလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ရွာမှာ အထက စာသင်ကျောင်း ရဲ့ အနောက်ဘက်ကပ်လျက် ကျောင်းအဝင်ဝ လမ်းမကြီးပေါ်မှာ ကျောင်းကော်မတီက တနှစ် သိန်းငါးဆယ်နဲ့ လေလံတင်ပြီး ဈေးဆိုင်တန်းနေရာချပေးထားပါတယ်။ အဆိုပါ လမ်းမကြီဟာ ကျောင်းသားတွေ ကျောင်းလာချိန်မှာ ဈေးခင်းရောင်းချနေကြပါတယ်။ ဈေးဝယ်သူနဲ့ ကျောင်းသားတွေ မကြာခဏ ဆိုင်ကယ် ကား အတိုက်ခံနေရပါတယ်။ ရွာသူရွာသားတွေ၊ ကျောင်းသားတွေ အန္တရာယ်ကင်ရှင်းရေးအတွက် အဆိုပါဈေးတန်းကို လမ်းမကြီးပေါ်မှ ဖယ်ရှားပေးဖို့ သက်ဆိုင်ရာလူကြီးမင်းများ သိရှိစေဖို့ ကျောင်းသားမိဘများကိုယ်စား  ဒီဗွီဘီကတဆင့် ရင်ဖွင့်အကူညီတောင်းလိုက်ရပါတယ်။ စကျင်ရွာသားတဦး   နှစ်လုံး၊ သုံးလုံး လောင်းကစား ကြီးစိုးနေတဲ့ ပေါင်းတည်မြို့ မှတ်တိုင်ရွာ ကျနော်က ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မှတ်တိုင်ရွာမှာ ရဲစခန်းရှိနေပါလျက် မှတ်တိုင်ကျေးရွာအပါအဝင် ကျောင်းစုရွာ၊ ပေါက်တောရွာ တို့မှာ နေ့စဉ် နှစ်လုံး၊ သုံးလုံး လောင်းကစားမှုတွေကို အပတ်စဉ်လောင်းကစားနေကြပါတယ်။ ညဘက်မှာလည်း နိုင်ငံတော်ပိုင် ကျွန်းသစ်တွေ အမြဲ ခိုးထုတ်နေကြပါတယ်။ အထက်လူကြီးတွေ လိုအပ်သလို အရေးယူပေးဖို့ တင်ပြအပ်ပါတယ်။   သံလျင်မြို့နယ် ပြည်တော်သာလမ်းက အမှိုက်ပုံ ဖယ်ရှားပေးပါ သံလျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ၊ ထမလုံ ကံ့ကော်လမ်းနဲ့ ပြည်တော်သာ လမ်းထောင့်ရှိ အမှိုက်ပုံအား ဖယ်ရှားပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့အား အသိပေးအပ်ပါသည်။ အကြောင်းမှာ နေအိမ်နှင့် အလွန်နီးကပ်ပြီး အနံ့ဆိုးများကြောင့် ကျန်းမာရေးထိခိုက်စေခြင်း၊ မီးဘေးအန္တရာယ် အလွန်စိုးရိမ်ရခြင်း၊ ယခင်နှစ်က မီးလန့်မှုများ ကြုံတွေ့ခြင်းများကြောင့် အမြန်ဆုံး ဖယ်ရှားကာ သင့်တော်သည့်နေရာသို့ ဆောင်ရွက်ပေးပါရန် ဒီဗွီဘီမှတဆင့် အကူအညီတောင်းအပ်ပါသည်။ ဒေသခံတွေကို ခြိမ်းခြောက်လာနေတဲ့ ဖားကန့်မူးယစ်ဆေးပြဿနာ   ကချင်ပြည်နယ်၊ မိုးညှင်ခရိုင်၊ ဖားကန့်မြို့နယ် ဟောင်ပါးအုပ်စု တာမခန်း၊ ဟောင်းပါး၊ ဆယ်ဇင်း စသောကျေးရွာတွေမှာ မတရားမဝင် မူးယစ်ဆေးဝါးကို တရားဝင်သဖွယ် ရောင်းချနေတာ ပြီးခဲ့တဲ့နှစ်တွေထက် ပိုများလာနေပါတယ်။ အခုလို မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ မူးယစ်ဆေးဝါရောင်းချနေသူတွေ ပေါများလာလို့ ဒေသခံ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေက ပစ္စည်းများ ပျောက်ဆုံးတာတွေလည်း ကြုံတွေ နေရပါတယ်။ ဒေသခံတွေလည်း ဆိုင်ကယ်၊ ဖုန်းတွေ ပျောက်ဆုံးနေသလို ကျောင်းသူ/ ကျောင်းသားများ အကျင့်စာရိတ္တ ပျက်စီးလာနေပါတယ်။ ဒါကြောင့် နိုင်ငံတော်က အထူးအဖွဲ့အစည်းအား ဖားကန့်နယ်မြေကို လာရောက် ကွင်းဆင်းလေ့လာပြီး ဥပဒေနဲ့အညီ အရေးယူဆောင်းရွက်ပေးဖို့ ဒီဗွီဘီကတဆင့် တောင်းဆိုလိုက်ပါတယ်။ မြတ်ထင်ကျော် ကနောင်မြို့ အမကကျောင်းနားက အရက်ဆိုင် ဖယ်ရှားပေးပါ   မြန်အောင်မြို့နယ်၊ ကနောင်မြို့ အမှတ် ၃ ဈေးပိုင်းရပ်ကွက်တွင် အဖြူလိုင်စင်နဲ့ နိုင်ငံခြားအရက်များ ဘီယာများရောင်းချနေပါသည်။ အ.မ.က ကနောင် စာသင်ကျောင်းနဲ့ နီးနေနေလို့ ကလေးတွေ စာသင်ရာတွေ ဆူညံသံတွေ၊ ရန်ဖြစ်သံတွေ ကြားနေရပါတယ်။ ကလေးတွေ ရှေ့ရေးအတွက်လည်း ရင်လေးရပါတယ်။ စခန်းမှူးတိုင်ကြားတာလည်း အရေးမယူပါဘူး။ လင်းရောင်ခြည် ရွှေပြည်သာက အသံကျယ် ဆောင်းဘောက်   ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာကပါ။ ရပ်ရွာကို အေးချမ်းအောင် လုပ်ပေးရမယ့် ရာအိမ်မှူးကအစ ဆောင်းဘောက် အကြီးကြီးတွေကို အပြင်မှာထုတ် အသံကုန်ဖွင့်တာ နေ့တိုင်းပါပဲ။ အဲဒါ ကျေးရွာအုပ်ချုပ်ရေးနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်တွေ သိစေဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected] [email protected]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024