Home
မြန်မာသတင်း
စာရေးဆရာကြီး နန္ဒာသိန်းဇံအမှတ်​တရ ​ကျောက်​စာတိုင်​ဖွင့်ပွဲ ကျင်းပ
Aung Aung Naing
·
February 24, 2019
52605967_260287608195071_6058773840341762048_n
53026311_260287484861750_3491442712362614784_n
52605628_260287554861743_8425833460806975488_n
52585238_260287731528392_4257655948732006400_n
52341886_260287448195087_8676155562250993664_n
စာ​ရေးဆရာကြီး နန္ဒာသိန်းဇံအမှတ်​တရ ​ကျောက်​စာတိုင်​ဖွင့်ပွဲကို မန္တ​လေးတိုင်း​ဒေသကြီး အမရပူရမြို့နယ်​ ​တောင်​​လေးလုံး​ကျောင်းတိုက်​ ​အောင်​ခြင်းရှစ်​ပါး​ ကျောင်းဝင်းမှာ ဖေ​ဖော်​ဝါရီ ၂၄ ရက်​​နေ့က ကျင်းပပြုလုပ် ​ခဲ့ပါတယ်​။ “ဆရာကြီးနန္ဒာသိန်းဇံဟာ လူ့​လောက လူ့အဖွဲ့အစည်းအတွက်​ တန်​ဖိုးထား မြတ်​နိုးဖွယ်​ ​ကောင်းတဲ့ အသိပညာရတနာ​တွေကိုထားရစ်​ခဲ့တဲ့ ဆရာဖြစ်​ပါတယ်​။ ဆရာထားရစ်​ခဲ့တဲ့ အသိပညာ ဒသန​တွေဟာ လူ့​ဘောင်​ဝန်းကျင်​မှာ နှစ်​​ပေါင်းများစွာ ဆက်​လက်​ရှင်​သန်​​နေဦးမှာ ပါပဲ”လို့ စာ​ရေးဆရာဉာဏ်​သစ်​က​ ပြောပါတယ်​။ အခမ်းအနားကို ဆရာရဲ့တပည့်တွေ၊ စာေ​ရးဆရာ ကဗျာဆရာတွေ တက်​ရာက်ကြပြီး ​ဒေါက်​တာစန်းထွန်း၊ ​ဒေါက်​တာ​အေး​အေးမာ၊ ​ဒေါက်​တာထွန်း​ရွှေ၊ စိုးနိုင် (မန္တ​လေး​)၊ ​မောင်​​နွေထက်​၊ အနီ​မောင်​၊ ဇော်​ထိန်​၊​ မောင်​ဖြိုး​ဝေ၊ တက္ကသိုလ်​​တေဇာလင်း (ချပ်​သင်း)၊ ​ဇော်​ခိုင်​ဦး တို့က အမှတ်​တရစကား အမှတ်​တရကဗျာများ ရွတ်​ဖတ်​ ​ပြောကြားခဲ့ပါတယ်​။ ဆရာကြီးနန္ဒာသိန်းဇံဟာ ခ​ရောင်းလမ်းကိုဖြတ်​​ကျော်​ခြင်း အပါအဝင်​ ဒဿနစာအုပ်​​ပေါင်း ၁၉ အုပ်​နဲ့အတူ အင်္ဂလိပ်​ဘာသာနဲ့စာအုပ် ၂ အုပ်​လည်း ထုတ်​​ဝေခဲ့ကာ ၂၀၁၁ခုနှစ်​သြဂုတ်​လ ၁၁ ရက်​​နေ့မှာ ကွယ်​လွန်​ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024