Home
မြန်မာသတင်း
မြစ်​ဆုံ​ရေကာတာစီမံကိန်း ကန့်​ကွက်သည့် စတစ်​ကာကမ်​ပိန်း မကွေးမြို့တွင် ပြုလုပ်
DVB
·
February 24, 2019
52537850_2009868542647930_6384051723920474112_n
52937499_2009868172647967_4112783360353370112_n
53028708_2009868352647949_3473563158646358016_n
53028708_2009868352647949_3473563158646358016_n
52487863_260193941537771_8131349199955427328_n
52451621_2009868272647957_2960734498611789824_n
51665054_2009868705981247_6933812000279494656_n
မ​ကွေးမြို့ ပြည်​​တော်​သာလမ်းမှာ ​ဖေ​ဖော်​ဝါရီ ၂၃ ရက်​​နေ့ ည​နေပိုင်းက ဧရာဝတီမြစ်​ဆုံ​ရေကာတာ တည်​​ဆောက်​​ရေးလုပ်​ငန်းကို ကန့်​ကွက်​တဲ့ စတစ်​ကာကန်​ပိန်း ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကို မ​ကွေးတက္ကသိုလ်​​ကျောင်းသားသမဂ္ဂများနဲ့ အရပ်​ဘက်​လူမှုအဖွဲ့စည်း​တွေ ပူး​ပေါင်းဆောင်ရွက်တာ​​လို့ သိရပါတယ်​။ မ​ကွေးမြို ပြည်​သူ​တွေရဲ့ သ​ဘောထားဆန္ဒကို တ​နိုင်​ငံလုံး သိရှိနိုင်ဖို့ ဒီကမ်​ပိန်းက​နေ တဆင့် ထုတ်​​ဖော်​ပြသလိုက်​တာလို့ မြစ်​​ကွေ့ဧရာ လူမှုကွန်​ရက်​မှ ဦး​ဆောင်​သူ ဦးခင်​​မောင်​ကြည်​က ပြောပါတယ်။ ကမ်းပိန်ပြုလုပ်သူတွေဟာ လမ်း​ပေါ်မှာ သွားလာ​နေတဲ့ ကား၊ ဆိုင်​ကယ်​၊ သုံးဘီးယာဉ်​​တွေကို စတစ်​ကာ ၁၀၀၀ ​​ကျော်​ကပ်​​ပေးခဲ့ပြီး ပြည်​​တော်​သာလမ်းထိပ်​ ကမ်းနားလမ်းမှာ မြစ်​ဆုံစီမံကိန်းကို ကန့်​ကွက်​တဲ့ "SAVE OUR MYITSONE မြစ်​ဆုံဆည်​အလိုမရှိ" ဗီနိုင်းပိုစတာ စိုက်​ထူခဲ့ကြပါတယ်။ ပြည်​သူ​တွေ မလိုလားတာကို အစိုးရအ​နေနဲ့ လုပ်​မယ်​မထင်​ဘူးလို့ ယုံကြည်​ထားကြောင်း မ​ကွေးတက္ကသိုလ်​ ​ကျောင်းသားသမဂ္ဂမှ ​မောင်​သန့်​​ဇော်​မျိုးက ပြောပါတယ်​။ မြစ်​ဆုံစီမံကိန်းဟာ အရင်​အစိုးရ သမ္မတဦးသိန်းစိန်​ လက်​ထက်​ကလည်း မြန်​မာ တ​နိုင်​ငံလုံးက ဝိုင်းဝန်းကန့်​ကွက်​ခဲ့တဲ့အတွက်​ ပြည်​သူ့ဆန္ဒကို လိုက်​​လျောပြီး ရပ်​ဆိုင်း ​ပေးထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024