ဘန်လေက စပါးကို ၂-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ စပါးအသင်းက ဘန်လေကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ စပါးဟာ အဝေးကွင်းမှာ  ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပေမယ့် အိမ်ရှင် ဘန်လေအသတင်းရဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းချုပ်နိုင်ဘဲ ရှုံးနိမ့်ခဲ့တာပါ။ နှစ်ဖက်သွင်းဂိုးတွေကိုတော့ ဒုတိယပိုင်း ၅၇ မိနစ်မှာ ခရစ်ဝုဒ်က အိမ်ရှင်ဘန်လေးအသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့တာပါ။ ပွဲကစားချိန် ၆၅ မိနစ်မှာတော့ ဒဏ်ရာကနေ ပြန်သက်လာပြီး ပါဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးအသင်းအတွက် ချေပဂိုး ပြန်သွင်းယူခဲ့ပါတယ်။ အိမ်ရှင် ဘန်လေအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၃ မိနစ်မှာ အက်ရှ်လေက သွင်းယူပြီး အနိုင်ရရှိခဲ့တာပါ။ ပရီးမီးယားလိ တခြားပွဲစဉ်တခုမှာတော့ လက်စတာအသင်းက အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၄-၁ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်သွားပါတယ်။ ဧည့်သည်အသင်းအတွက် သွင်းဂိုးတွေကိုတော့  မစ်ချီက ၁ ဂိုး၊ ၀ိုင်လ်ဖရိုက်က ၂ ဂိုး၊ လုကာက ၁ ဂိုးသွင်းယူခဲ့တာပါ။ လက်စတာအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ နောက်ခံလူ ဂျွန်နီအီးဗန်းက သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာတော့  ၂၇ ပွဲစီကစားထားပြီး စပါးအသင်းက ရမှတ် ၆၁ မှတ်နဲ့ အဆင့် ၃၊ လက်စတာက  ၃၂ မှတ်နဲ့ အဆင့် ၁၂၊ ပဲလေ့စ်က ရမှတ် ၃၀ နဲ့ အဆင့် ၁၃၊ ဘန်လေက ရမှတ် ၃၀ နဲ့ အဆင့် ၁၄ မှာ အသီးသီးရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up