DVB Logo
Home
မြန်မာသတင်း
ဂရင်းနစ်စံချိန်ဝင်ရန် ရည်ရွယ်ထားသည့် နဂါး ၉ ကောင်ရုပ်တု ပြီးစီး
DVB
·
October 2, 2012
ဂရင်းနစ်စံချိန်ဝင်ရန် ရည်ရွယ်ထားသည့် နဂါး ၉ ကောင်ရုပ်တု ပြီးစီး
1 / 3
Donate to DVB

ကမ္ဘာ့အကြီးဆုံး ဂရင်းနစ် စံချိန်ဝင်ဖို့အတွက် ရည်ရွယ်ပြီး ထုလုပ်ထားတဲ့ နဂါး ၉ ကောင် ရုပ်တု ပြီးစီးသွားပြီလို့ ဦးဆောင်ထုလုပ်သူ ပန်းပုဆရာ ဦးသိန်းဝင်းက ပြောပါတယ်။

မန္တလေးမြို့ အမရပူရမြို့နယ် ကပ်ကျော်ကွက်သစ်၊ သပြေလမ်းနဲ့ စကားဝါ လမ်းထောင့်မှာရှိတဲ့ သိန်းသန်းအောင် ပန်းပုသမဝါယမအသင်းလီမီတတ်ကနေ နဂါး ၉ ကောင် ရုပ်တုကို ထုလုပ်ခဲ့တာပါ။ နဂါး ၉ ကောင်ရုပ်တုရဲ့ လုံးပတ်က ၁၄ ပေခွဲ၊ အမြင့်က ၉ ပေခွဲ ရှိပါတယ်။

စစ်ကိုင်းတိုင်းဘက်မှာ ၂၀၁၂ နှစ်ဆန်းပိုင်းက စတင်တွေ့ရှိခဲ့တဲ့ ပိတောက်သား သစ်မြစ်ကို ၀ယ်ယူပြီး ဒီရုပ်တုဖြစ်မြောက်အောင် ပန်းပုဆရာ ၈ ဦးက ထုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဂရင်းနစ်စံချိန်ဝင်ဖို့အတွက် ရည်ရွယ်ပြီး အချိန်အားဖြင့် ၈ လလောက် ကြာမြင့်အောင် ထုလုပ်ခဲ့ရတယ်လို့ ဦးသိန်းဝင်းက ပြောပါတယ်။

“ဒီပစ္စည်းကို ကျနော်တို့ ၀ယ်လိုက်ကတည်းက တန်ဖိုးရှိမှန်း သိသွားတယ်။ တန်ဖိုးရှိအောင် ဘယ်လိုဖန်တီးမလဲဆိုတာ အရင်ကြိုးစားတယ်။ ဖန်တီးပြီးတဲ့အခါ ဒီဖန်တီးမှုက ကျနော်တို့ စိတ်တိုင်းကျသွားတဲ့အခါကျတော့ အနေအထားရယ်၊ လုံးပတ်ရယ်၊ အမြင့်ရယ်၊ ဖန်တီးမှုရယ် အကုန်ပေါင်းစပ်ပြီးသွားတဲ့အခါကျတော့ ဒါက ကမ္ဘာမှာ ရှိတောင့်ရှိခဲ၊ ရတောင့်ရခဲပါလား ဆိုတာ တွေးမိသွားတယ်။ အဲတော့ ကျနော်တို့ ဗမာပြည်က ပစ္စည်းက ကမ္ဘာမကျော်နိုင်ဘူးဆိုတာ ထုံးစံမရှိဘူး။ သဘာဝအရင်းအမြစ်တွေကို ကျနော်တို့က ဖန်တီးနေတဲ့ကိစ္စမှာ သေးတာတွေ မြင်ဖူးတယ်၊ ဒီလောက်ကြီးတဲ့ဟာကျတော့ သစ်တောထွက်ပစ္စည်းနဲ့ ဒီလိုလှပတဲ့ ပစ္စည်းက ကမ္ဘာမှာ မရှိနိုင်ဘူးဆိုပြီး ကျနော်တို့က စိန်ခေါ်မှုတခုကို ယူလိုက်တာပဲ။”

နဂါး ၉ ကောင်ရုပ်တုရဲ့ လုံးပတ်က ၁၄ ပေခွဲ၊ အမြင့်က ၉ ပေခွဲ ရှိပြီး ခုလောလောဆယ် ဒီရုပ်ထုကို လာဝယ်မယ်ဆိုရင်တောင် ရောင်းဖို့ အစီစဉ် မရှိဘူးလို့ ပြောပါတယ်။

“လောလောဆယ်တော့ ရောင်းဖို့စိတ်ကူးမရှိသေးဘူး။ မရှိသေးဘူးဆိုတာက ဒီဟာကို ကျနော်တို့ ပြီးအောင် လုပ်ဦးမယ်၊ စိန်ခေါ်မှုတခုကို အရင် ရင်ဆိုင်ပြီးပြီဆိုရင် ကျနော်တို့က ဘာလုပ်မလဲဆိုတဲ့ဟာကို ပြန်စိတ်ကူးပါ့မယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013