ပုဂံ စက်ဘီစီးပြိုင်ပွဲတွင် ရှေးပြေးဒိုင် ယာဉ်တိုက်မှုကြောင့် သေဆုံး
DVB
·
February 23, 2019
ညောင်ဦးမြို့နယ် ပုဂံဒေသမှ ဒီကနေ့မနက်က တာလွှတ်ခဲ့သော Road Race တာဝေးစက်ဘီးပြိုင်ပွဲမှ ရှေးပြေးဒိုင် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ညောင်ဦး-မြင်းခြံ ကားလမ်း မိုင်တိုင် (၁၆/၄) အနီးမှာ မြင်းခြံဘက်ကနေ ညောင်ဦးကို မောင်းနှင်လာတဲ့ ISUZU အမျိုးအစား ၆ ဘီးယာဉ်က ရှေ့ယာဉ်အား ကျော်တက်စဉ် စက်ဘီးပြိုင်ပွဲ ရှေးပြေး ဒိုင်ဖြစ်သူ ကိုအောင်မျိုးနိုင်ရဲ့ ဆိုင်ကယ်နဲ့ တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ရှေ့ပြေးဒိုင်ဖြစ်သူ ကိုအောင်မျိုးနိုင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့လို့ ပခုက္ကူ ဆေးရုံကိုအပို့ လမ်းမှာ ကွယ်လွန်သွားခဲ့တာပါ။
ကိုအောင်မျိုးနိုင်ရဲ့ ဆိုင်ကယ်နောက်က လိုက်ပါလာတဲ့ ဒိုင်လူကြီး မသမုဒယလည်း မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့တယ်လို့ လက်ပံခြေပေါ် ရဲစခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ISUZU ယာဉ်မောင်း နေထက်လင်းကို ဥပဒေအရ အရေးယူဖို့ ဆောက်ရွက်နေတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)