Home
မြန်မာသတင်း
ကရင်အမျိုးသမီးငယ်များ ဂျပန်နည်းပညာဖြင့် ဂျပ်ခုတ်ပိုးချည်မျှင်လက်ယက်နည်း မိတ်ဆက်
DVB
·
February 23, 2019
ကရင်အမျိုးသမီးငယ်တွေ ပိုးချည်မျှင်လက်ယက်ကန်း ထုတ်လုပ်နည်းနဲ့ အရည်အသွေးမြှင့် ပိုးချည်မျှင်ထုတ်လုပ်တဲ့ ဂျပန်နည်းပညာအား ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို မိတ်ဆက်ဖြန့်ဖြူးပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်၊ မနက်ပိုင်းက ဘားအံမြို့နယ်၊ ရွှေပြည်တောင်ကျေးရွာ၊ ကမော့ကပိုမျိုးသန့်ခြံမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို တောင်သူတွေ ပိုးစာစိုက်ပျိုးထုတ်လုပ်ခြင်းဖြစ် ၀င်ငွေပိုမိုရရှိစေဖို့၊ ပိုးစာနဲ့ပတ်သက်တဲ့ ၀ိုင်၊ ပိုးကောင်ကျော်၊ ပိုးစာလက်ဖက်ခြောက်တွေက ၀င်ငွေရရှိစေဖို့၊ ကရင်အမျိုးသမီးငယ်တွေ အိမ်နဲ့မကွာ ဂျပ်ခုတ်လုပ်ကိုင်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့၊ သာမန်ဂျပ်ခုတ်ယက်လုပ်ခထက် ၀င်ငွေပိုမိုရရှိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဒုတိယအတွင်းဝန် Mr.Keisuke Amimoto က “အားလုံးသိတဲ့အတိုင်းပဲ၊ ဒီဒေသက ဖွံဖြိုးတိုးတက်မှုက နောက်ကျနေတဲ့ဒေသဖြစ်တယ်။ ဒီဒေသမှာ နိုင်ငံခြားက ကုမ္ပဏီတခုကလာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကို အထောက်အကူ ဖြစ်စေတဲ့ အချက်တချက်ဖြစ်မယ် လို့ ယုံကြည်တယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က “စံပြနမူနာကောင်းယူတတ်ဖို့လည်း လိုတယ်။ သူတို့ဆီကလာတဲ့ နည်းပညာတွေကို အကုန်လုံးရှိသမျှလူတွေက လေ့လာနိုင်ရင် ပိုပြီးတော့ ထိရောက်တဲ့အတွက်ကြောင့် ကြိုးစားပမ်းစား ဆောင်ရွက်စေချင်တယ်”လို့ ပြောပါတယ်။ Daimatsu ကုမ္ပဏီ၊ ဥက္ကဋ္ဌ Mr. Keiji Fujii က “ပိုးထည်အသုံးပြုတဲ့ လူတွေများပြားလာတယ်။ အဲလိုများပြားလာတဲ့အခါမျိုးမှာ ဒီပိုးထည်ကိုထုတ်လုပ်ဖို့အတွက် ပိုးမွေးမြူတဲ့ လူတွေ အများကြီးလိုအပ်လာတယ်။ တကမ္ဘာလုံး လိုအပ်လာမှာ” လို့ ပြောပါတယ်။ အဆိုပါစီမံကိန်းကို ကရင်ပြည်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနက ကြီးကြပ်ပြီး JICA၊ Dimatsu ကုမ္ပဏီ၊ JAPAN Sita တို့က ပိုးစာပင်စိုက်ခင်း၊ ပိုးချည်ထုတ်လုပ်မှု နည်းပညာတွေကို ကူညီထောက်ပံ့ပေးတာပါ။ ၂၀၂၀ ခုနှစ်အထိ ၅ နှစ်တာအတွင်း ဂျပန်ယန်းသန်းပေါင်း ၈ သန်းပမာဏကို ထောက်ပံ့ဖို့ လုပ်ဆောင်နေပြီး အထူးဦးစားပေးအစီအစဉ်အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ တိုင်းရင်းသားဒေသတွေအတွက် ၅ နှစ်တာအထိ ယန်းသန်း ၄ သောင်း ထောက်ပံ့မှုတွေ ပေးထားတယ်လို့ တာဝန်ရှိသူကပြောပါတယ်။ အဆိုပါအခမ်းအနား မဖွင့်လှစ်မီ ကရင်ပြည်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနနှင့် Grater Mekong Subregion Agriculture and Education Development Center(GMSAEDC) တို့ ပူးပေါင်းပြီး ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး စီမံကိန်းအစီအစဉ်နဲ့ထောက်ပံ့ပေးအပ်တဲ့ သင်တန်းဆောင်နဲ့ နားနေဆောင်ဖွင့်ပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024