DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းမြန်မာ ကျောင်းသားများပညာရေး အစိုးရနှင့် ချိတ်ဆက်
DVB
·
October 1, 2012
ရွှေ့ပြောင်းမြန်မာ ကျောင်းသားများပညာရေး အစိုးရနှင့် ချိတ်ဆက်
Donate to DVB

မြန်မာရွှေ့ပြောင်း ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးအတွက် မြန်မာရွှေ့ပြောင်း လုပ်သားများ ပညာရေးကော်မတီ BMWEC ဟာ ပြည်တွင်း ပညာရေးဌာနတွေ၊ သက်ဆိုင်ရာအစိုးရနဲ့ စတင်ချိတ်ဆက် ဆောင်ရွက်နေပါတယ်။

BMWEC ဟာ စက်တင်ဘာ ၂၅ ရက်နေ့က  ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းကို တွေ့ဆုံဆွေးနွေးပြီး  မြန်မာရွှေ့ပြောင်း ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရေး အဆင့်အလိုက် မြန်မာနိုင်ငံ ဒေသအသီးသီးက ကျောင်းတွေမှာ ပညာသင်ကြားခွင့် ရရှိနိုင်ဖို့၊ ရွှေ့ပြောင်းကျောင်းတွေမှာ အထက်တန်း ကျောင်းသားတွေ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်ရေးနဲ့ နယ်စပ်ဒေသတလျှောက် ပညာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားဖို့  စတာတွေ တင်ပြတောင်းဆိုရာမှာ အချက်အားလုံးကို သဘောတူ လိုက်လျောခဲ့တယ်လို့ BMWEC ဥက္ကဋ္ဌ နော်ဖောရေ က ပြောပြပါတယ်။

“ဆရာမတို့ တောင်းဆိုတဲ့ အချက် ၃ ချက်ကို ၀န်ကြီးချုပ်က အားလုံးလက်ခံပေးပါတယ်။ ဒီလိုမျိုးတောင်းဆိုမှုတွေက မြန်မာနိုင်ငံအစိုးရရဲ့ ဆန့်ကျင်ဘက်တခုမှမရှိဘူး။ အစိုးရအနေနဲ့ အပြောင်းအလဲကာလမှာ ဒီစီမံကိန်းလုပ်ငန်းတွေကို တူတဲ့အချက်အလက်တွေကို ပိုပြီးလုပ်ဆောင်ပေးဖို့ သူတို့ ထောက်ခံခဲ့ပါတယ်။”

အရင်တုန်းကတော့ ရွှေ့ပြောင်းကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးအခွင့်အလမ်းက နည်းပါးခဲ့ပါတယ်လို့ နော်ဖောရေက ပြောပါတယ်။

ဆွေးနွေးပွဲအပြီးမှာပဲ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အတည်ပြုချက်နဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကျောင်းပေါင်းစုံက အထက်တန်း၊ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေကို ဖိတ်ခေါ်ခဲ့ပြီး ကျောင်းသားတွေရဲ့ ပညာရေးအရည်အသွေးကို စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ဆေးပြီးတဲ့ ကျောင်းသားတွေရဲ့ ရလဒ်အတိုင်း မြန်မာရွှေ့ပြောင်း လုပ်သားများ ပညာရေးကော်မတီ BMWEC ရဲ့ ထောက်ခံချက်နဲ့အတူ ပြည်နယ် ပညာရေးဝန်ကြီးဌာနကနေ ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ရွှေ့ပြောင်း မြန်မာကျောင်းသား ကျောင်းသူတွေအတွက် အစိုးရက သီးသန့် အခွင့်အရေးပေး ကူညီတာလို့ နော်ဖောရေက ဆိုပါတယ်။

“ရွှေ့ပြောင်းကျောင်းသူကျောင်းသားတွေအတွက် ၀န်ကြီးချုပ်ကနေ၊ မြန်မာသမ္မတကြီး ကနေ အထူး သီးသန့် အခွင့်အရေးပေးခဲ့တာပေါ့။ ဒီလိုသီးသန့်မပေးဘူးဆိုရင် မြန်မာပြည်မှာရှိနေတဲ့ အထက်တန်းကျောင်းနဲ့ တွဲပြီး လွှဲပေးရမယ်ဆို ပိုပြီး အခက်အခဲတွေ့ကြုံရမယ် ။ မြန်မာ့ရွှေ့ပြောင်းပညာရေး ထောက်ပံ့မှုဖောင်ဒေးရှင်းက တရားဝင် တောင်းဆိုတာကို သူတို့အသိအမှတ်ပြု သီးသန့်စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ လူမျိုး ဘာသာမရွေး ဘယ်ကျောင်းမဆို စာမေးပွဲဖြေချင်တယ်ဆို ကျမတို့နဲ့ ဆက်သွယ်လို့ ကျမတို့ကအားလုံး မှတ်ပုံတင် မရှိတဲ့ ကလေးတွေကအစ အားလုံးစီစဉ်သွားမှာပါ။”

ပြည်တွင်းဒေသအသီးသီးကို ၀င်ရောက် ပညာသင်ကြားကြ မယ့် မြန်မာရွှေ့ပြောင်း ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးကို မြန်မာ့ရွှေ့ပြောင်း ပညာရေးထောက်ပံ့မှု ဖောင်ဒေးရှင်းက ဆက်လက်ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013