DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများ ပညာရေးကဏ္ဍတွင် ခွဲခြားဆက်ဆံခံနေရ
DVB
·
October 1, 2012
အမျိုးသမီးများ ပညာရေးကဏ္ဍတွင် ခွဲခြားဆက်ဆံခံနေရ
Donate to DVB

ဒီနှစ်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ် ၀င်ခွင့်ရမှတ်ကို အခြား တက္ကသိုလ်တွေ အားလုံးထက် ၀င်ခွင့်အမှတ်ပိုသတ်မှတ်ထားသလို အနိမ့်ဆုံးရမှတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုရဖို့လိုတယ်လို့ ကိုယ်တိုင်လျှောက်တဲ့ ကျောင်းသားတွေက ပြောပြပါတယ်။

အရင် အာအိုင်တီ ခေတ်တုန်းကလို အဆင့်မြှင့်တင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် နည်းပညာတက္ကသိုလ်လျှောက်တဲ့သူများတယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ် ၀င်ခွင့်ဟာ အမျိုးသားက   အမှတ် ၅၀၀ နဲ့ အမျိုးသမီးက အမှတ် ၅၀၄  အနိမ့်ဆုံးရဖို့ သတ်မှတ်ထားတာကြောင့် အမျိုးသမီးက ၄ မှတ်ပိုရဖို့ လိုပါတယ်။

မန္တလေးနည်းပညာတက္ကသိုလ်ဝင်ခွင့်ဟာ အမျိုးသားက   အမှတ် ၄၈၅ နဲ့ အမျိုးသမီးက အမှတ် ၄၉၇ အနိမ့်ဆုံးရဖို့ သတ်မှတ်ထားတာကြောင့် အမျိုးသမီးက ၁၂ မှတ်ပိုရဖို့ လိုပါတယ်။

ဆေးတက္ကသိုလ်ဝင်ခွင့်ဟာ အမျိုးသားက အမှတ် ၄၉၀ နဲ့ အမျိုးသမီးက ၅၀၈ မှတ် သတ်မှတ် ထားတာကြောင့် အမျိုးသမီးက ၁၈ မှတ်ပိုရဖို့ လိုပါတယ်။

ရေကြောင်းပညာတက္ကသိုလ်မှာ အမျိုးသားက ၄၈၇၊ အမျိုးသမီးက ၄၉၇ မှတ် သတ်မှတ် ထားတာကြောင့် အမျိုးသမီးက ၁၀ မှတ်ပိုရဖို့ လိုပါတယ်။

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) မှာ အမျိုးသားက အနိမ့်ဆုံးရမှတ် ၄၆၇ ရဖို့လိုပြီး အမျိုးသမီးက ၄၇၀ ရဖို့ လိုတာကြောင့် ၃ မှတ်ပိုရဖို့ လိုပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူမထားဘဲ ခွဲခြားဆက်ဆံခံရတာကို ဒေါ်အောင်ဆန်းစုကြည် ဇွန်လကုန်ပိုင်းက ထိုင်းနိုင်ငံ ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲရဲ့ နောက်ဆုံးနေ့မှာ ထည့်သွင်းဆွေးနွေးဖူးပါတယ်။

“ပညာရေးကဏ္ဍမှာကြည့်ရင်ကိုပဲ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခံရပါတယ်။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ကို အမှတ်ပိုရဖို့ လိုပါတယ်။ ဒါဟာ အမျိုးသား ဆရာဝန်တွေရဖို့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါဟာ ခွဲခြားဆက်ဆံမှုပဲလို့ ထင်ပါတယ်။ ဒီလိုမျိုး ခွဲခြားဆက်ဆံမှုတွေ မရှိသင့်ပါဘူး။ ပြဿနာက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရည်တူအခွင့်အရေးတွေ ရှိနေတယ်လို့ မြန်မာပြည်ကလူတော်တော်များများက ထင်နေကြတာပါ။”

ဒေါ်အောင်ဆန်းစုကြည်က မြန်မာအမျိုးသမီးတွေဟာ စီးပွားရေးလုပ်ရာမှာ လွတ်လပ်ပေမယ့်  နိုင်ငံရေး လုပ်ပြီဆိုရင် အလွန်အမင်း ခွဲခြားဆက်ဆံခံကြရတယ်လို့လည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့်အမှတ်မှာ အမျိုးသမီးတွေကို အမှတ်ပိုရရမယ်လို့ ခွဲခြားသတ်မှတ်တာဟာ ဆယ်စုနှစ်နဲ့ချီရှိပြီး ယဉ်ပါးနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013