DVB Logo
Home
မြန်မာသတင်း
အာဆီယံအသိုင်းအ၀န်း မိတ်ဆက်နှင့် စိန်ခေါ်မှုများအကြောင်း ဆွေးနွေး
DVB
·
October 1, 2012
အာဆီယံအသိုင်းအ၀န်း မိတ်ဆက်နှင့် စိန်ခေါ်မှုများအကြောင်း ဆွေးနွေး
Donate to DVB

၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုင်းအ၀န်း  ဖွင့်လိုက်ရင် ရှမ်းတိုင်းရင်းသားလူမျိုးတွေ အတွက် အခွင့်အလမ်း၊ ကြုံတွေ့ရမယ့် ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတရပ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ကျင်းပသွား ပါတယ်။

တက်ရောက်သူတဦးက “ကောင်းကျိုးနဲ့ ဆိုးကျိုး ၂ ခုလုံးကို သိရပါတယ်။ အာဆီယံဘက်က စီးပွားရေး ကုန်သွယ်ဖို့ ဖောက်လုပ်မယ့် လမ်းကြောင်းအနေနဲ့ အဲလမ်းကြောင်းမှာနေမယ့် လူထုတွေရဲ့ ခံစားခွင့်၊ စီးပွားရေးအချက်အခြာ ပိုကျလာမယ်။ ၀င်ငွေတိုးလာမယ်။ ကုန်ပစ္စည်းတွေ အလွယ်တကူ သယ်ယူပို့ဆောင်လာနိုင်မယ်။ အခက်အခဲတွေလည်း ရှိတယ်။ ပြည်သူတွေရဲ့ လယ်ယာမြေပိုင်ဆိုင်မှု အကြောင်းအရာတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ နောက် တိုင်းရင်းသားယဉ်ကျေးမှုတွေ ဒါတွေ သက်ရောက်နိုင်တယ်” လို့ ပြောပါတယ်။

၂၀၁၅ အာဆီယံအသိုင်းအ၀န်း ဖွင့်လိုက်ရင် အဖွဲ့ဝင်နိုင်ငံတွေကြား  ကူးလူးဆက်ဆံသွားလာရေးတွေ ပွင့်လင်း လွယ်ကူလာမှာ ဖြစ်ပေမယ့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ ပြောင်းလဲသွားနိုင်သလို၊ တနိုင်ငံနဲ့တနိုင်ငံကြား ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းကြီးတွေကြောင့် ဌာနေတိုင်းရင်းသားတွေအနေနဲ့ မြေယာဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ ချင်းမိုင်တက္ကသိုလ် လူမှုဖွံ့ဖြိုးရေးဗဟိုဌာနက ဒေါက်တာ ချယန်း ၀ပ်ထနဖုဒီက ပြောပါတယ်။

သုတေသနပညာရှင်တွေအနေနဲ့ အာဆီယံအသိုင်းအ၀န်း ဖွင့်မယ့်ကိစ္စနဲ့ ကောင်းကျိုးဆိုးကျိုးတွေ ကို သေချာသုတေသနလုပ်ပြီး သက်ဆိုင်ရာ အာဆီယံခေါင်းဆောင်တွေကို တင်ပြသင့်တယ်လို့ ဆိုပါတယ်။

အာဆီယံလို့ ဆိုလိုက်ရင် အများရဲ့အမြင်မှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ လူမျိုးတွေကိုပဲမြင်ပြီး တိုင်းရင်းသားလူမျိုးတွေရဲ့အမည်တွေ မသိကြကြောင်း၊ ဒီကြားထဲ ပဋိပက္ခကြောင့် နိုင်ငံမဲ့ဖြစ်နေရတဲ့ လူတွေလည်း ပျောက်နေကြောင်း၊ ဒါကြောင့် အာဆီယံစီးပွားရေး တိုးတက်လာပေမယ့် ဒီလူမျိုးစုတွေ အကျိုးခံစားရပါ့မလား ဆိုတာကို သံသယဖြစ်မိကြောင်း၊ လူနေမှုအဆင့်အတန်း ကွာဟမှုတွေ ဖြစ်လာနိုင်ကြောင်း  ထမ္မဿတ်တက္ကသိုလ်က ဒေါက်တာ ခွန်းယဖတ်က သုံးသပ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အာဆီယံနဲ့ သံဃာတော်များကဏ္ဍ၊ အာဆီယံနဲ့ အမျိုးသမီးများ ကဏ္ဍကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ပြည်ပရောက်ရှမ်းသံဃာနဲ့ ရှမ်းတက္ကသိုလ်ကျောင်းသူကျောင်းသားများ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီဆွေးနွေးပွဲကို ရှမ်းသံဃာတော်များ၊ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ၊ လူမှုဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်နေသူ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပါ စုစုပေါင်း လူ ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013