ဘိတ်ဘိုရီဇော့ဗ်ကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး အာဆင်နယ် ယူရိုပါလိဂ် နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 22 February, 2019
999
0
Share
0
Comment
0
Likes
VIDEO
ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့အဖြစ် အာဆင်နယ်နဲ့ ဘီလာရုဇ်ကလပ် ဘိတ်ဘိုရီဇော့ဗ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်ခဲ့စဉ်က ဘိုရီဇော့ဗ် ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ အာဆင်နယ် နောက်တဆင့် တက်ရောက်သွားတာပါ။
အာဆင်နယ်ဟာ ဒီပွဲအနိုင်ရဖို့အတွက် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၄ မိနစ်မှာပဲ အူဘာမီယန်းရဲ့ ဖြတ်တင်ဘောကို ဘိုရီဇော့ဗ်နောက်ခံလူတွေ ဖျက်ထုတ်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် အာဆင်နယ်တို့ ပွဲအစကတည်းက ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ပထမပိုင်း ၃၉ မိနစ်မှာတော့ အာဆင်နယ် ဒုတိယရဂိုး ရခဲ့ပြီး နောက်ခံလူ မူစတာဖီက သွင်းယူပေးခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း အာဆင်နယ် တောက်လျှောက် ဖိကစားပြီး မိနစ် ၆၀ မှာ ရှာကာရဲ့ဖ န်တီးပေးပို့မှုကနေတဆင့် နောက်ခံလူ ပါပါစတာသိုပူးလော့်က တတိယဂိုး သွင်းယူပေးခဲ့ပြီး အာဆင်နယ် ၃ ဂိုးပြတ်အနိုင်နဲ့ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။