DVB Logo
Home
မြန်မာသတင်း
ရှစ်လအတွင်း အစိုးရက နိုင်ငံရေးလှုပ်ရှားသူ ၂၀၀ ကို ဖမ်းဆီးဟု အေအေပီပီပြော
DVB
·
October 1, 2012
ရှစ်လအတွင်း အစိုးရက နိုင်ငံရေးလှုပ်ရှားသူ ၂၀၀ ကို ဖမ်းဆီးဟု အေအေပီပီပြော
Donate to DVB

မြန်မာအစိုးရက ဒီနှစ်အစပိုင်းကနေ ၈ လအတွင်းမှာ နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး အယောက် ၂၀၀ ကို နိုင်ငံရေးအမှုနဲ့ မဟုတ်တဲ့ အမှုတွေနဲ့ ဖမ်းဆီးအကျဉ်းချခဲ့ပြီး အတော်များများ တရားရင်ဆိုင်နေရတယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေး အသင်း (အေအေပီပီ-ဘီ) က ထုတ်ပြန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အေအေပီပီအတွင်းရေးမှူး ဦးတိတ်နိုင်က “အဓိကကတော့ ဆန္ဒထုတ်ဖော်မှုကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရတာပိုများပါတယ်။ နောက်တခုက မတရားအသင်းဆက်သွယ်မှုဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတာလည်း ပါ ပါတယ်။ အခုဆိုရင် အဲထဲက ၃၅ ဦးက တရားရင်ဆိုင်နေရပါတယ်။ ကျန်တာတွေကတော့ ပြန်လွှတ်လိုက်တာရှိတယ်။ တချို့ဆိုရင် ထောင် ၁ နှစ်ကျတယ်၊ ပြန်လွှတ်လိုက်ပြီ။ နောက် ကချင်ဘက်မှာဆိုရင် စစ်ကြောရင်း သေသွားတဲ့ ၂ ယောက်လည်း ရှိပါတယ်။”

မြန်မာနိုင်ငံဟာ စစ်အစိုးရလက်ထက် အုပ်ချုပ်တုန်းကလိုပဲ အစွမ်းကုန် ခြိမ်းခြောက်မှု နည်းလမ်းတွေကို သုံးပြီး ရပိုင်ခွင့် တောင်းဆိုသူတွေကို ခြိမ်းခြောက် အန္တရာယ်ပြုတာ၊ အရှက်တကွဲဖြစ်အောင် စော်ကားဆက်ဆံတာတွေနဲ့ ဆက်လက်ပြုမူ ဆက်ဆံခံနေရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်လုပ်ဆောင်တာတွေကတော့ ကင်းလွတ်ခွင့်ရနေတုန်းပဲ လို့ ပြောပါတယ်။

အစိုးရက န၀တခေတ်၊ နအဖ ခေတ်ကလို နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ် ဆက်လက် ဖမ်းဆီးထားတုန်းပဲလို့ ဦးတိတ်နိုင်က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၅ အရ တချိန်က အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကိုသာ ကာကွယ်ထားတဲ့ အပေါ်ကိုလည်း ဦးတိတ်နိုင်က ဝေဖန်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၄၄၅ ဆိုတာရှိပါတယ်။ အရင် အစိုးရ အဆက်ဆက်က ကျူးလွန်ထားတဲ့အမှုတွေကို နောက်ကြောင်း ပြန်မသက်ရောက်စေရဆိုတဲ့ ကိစ္စမျိုးပါပါတယ်။ ငါတို့ ကျူးလွန်ထားတဲ့ကိစ္စတွေကိုကျတော့ ဒီလူတွေက သင်ပုန်းချေကို ချေရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ပေါ့။ သို့ပေမယ့် သူတို့နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့သူတွေကို ဖြည်းဖြည်းချင်း လွှတ်ပေးတယ်ဆိုတာက သူတို့ဘက်ကကျတော့ မင်းတို့ကို သင်ပုန်းချေလို့မရဘူး၊ နည်းနည်းချင်း စောင့်ကြည့်လေ့လာပြီး လွှတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။”

ပြန်လွတ်လာသူတွေကိုလည်း အစိုးရက သံသယနဲ့ စောင့်ကြည့်နေသလို ကျောင်းပြန်တက်ခွင့် မရတာတွေ၊ နိုင်ငံခြားထွက်ခွင့်မရတာတွေ၊ ရှေ့နေလိုင်စင်တွေ ပြန်မရတာတွေနဲ့ ဆရာဝန်တွေလည်း ဆေးကုသခွင့် ပြန်မရကြတာတွေ ရှိတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းကစလို့ နိုင်ငံရေးအကျဉ်းသား ၄၅၀ လောက် ပြန်လွတ်လာပေမယ့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၁၀ ကျော် ကျန်ရှိနေတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013