ပျဉ်းမနားသံဃာ့ဆေးရုံတွင် ကိုရင်နှင့်သီလရှင်များကို ဆေးကုသပေး
DVB
·
February 21, 2019
နေပြည်တော်၊ပျဉ်းမနားမြို့ရှိ သံဃာဘေသဇ္ဇဌာန၀ိဟာရ သံဃာ့ဆေးရုံမှာ သာသနာ့နွယ်ဝင် ကိုရင်လေးတွေနဲ့ သီလရှင်တွေကို ဒက်ရောဂါနဲ့ အရေပြားရောဂါတွေ ဆေးကုသပေးနေပါတယ်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အရေအတွက် ကန့်သတ်မထားဘဲ လိုအပ်သလို ပြုစုစောင့်ရှောက်ကုသပေးနေတယ်လို့ ဆေးကုသပေးတဲ့ ဒေါက်တာနေမောင်မောင်စန်းက ပြောပါတယ်။
ဒီအစီအစဉ်ကို မြို့ပေါ်က အလှူရှင်တွေနဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ စုပေါင်းအားနဲ့ ဆောင်ရွက်နေရတာဖြစ်ပြီး ရေရှည်ရပ်တည် ဆောင်ရွက်နေဖို့ အလှူရှင်တွေလည်း လိုအပ်နေတယ်လို့ သံဃာ့ ဆေးရုံ ကော်မတီဝင် ဦးနေလင်းအောင်က ပြောပါတယ်။