
လွန်ခဲ့တဲ့ ၁ ပတ်ကျော်က ပါကစ္စတန်နိုင်ငံ ကရာချီမြို့က အထည်ချုပ်စက်ရုံ မီးလောင်မှုမှာ လူပေါင်း ၃၀၀ နီးပါး အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံရသလို ဖြစ်ခဲ့ရပါတယ်။
မီးတောက်တွေကြားထဲမှာ ပိတ်မိခဲ့တဲ့ အလုပ်သမားအရေအတွက်ကလည်း ရာနဲ့ချီရှိခဲ့ပါတယ်။ အထည်ချုပ်စက်ရုံမှာ သံဆန်ကာတွေ ကာထားပြီး ပြတင်းပေါက်တွေလည်း မရှိ၊ မီးလောင်ရင် အရေးပေါ်ထွက်ပြေးဖို့ ထွက်ပေါက်တွေလည်း မရှိပါဘူး။ ဒါကြောင့် အလုပ်သမားတော်တော်များ ဟာ အသက်ဘေးက လွှတ်ရာလွှတ်ကြောင်း အပေါ်ထက်ကနေပဲ ခြေလွတ်လက်လွတ် ခုန်ချခဲ့ကြပါတယ်။
ပါကစ္စတန်နိုင်ငံဟာ အဆင်မြင့်ချည်ထည်တွေ အများဆုံးထုတ်တဲ့နေရာမှာ ကမ္ဘာမှာ ဒုတိယလိုက်ပါတယ်။ အခုမီးလောင်မှုက ပါကစ္စတန်က အထည်ချုပ်အလုပ်သမားတွေအတွက် အန္တရာယ်များလွန်းတဲ့ လုပ်ငန်းခွင်အကြောင်းကို မီးမောင်းထိုးပြလိုက်တာပါပဲ။
မီးလောင်မှုဖြစ်ပြီး နောက်ပိုင်း အခြေအနေတွေကို ပြောင်းလဲဖို့ အစိုးရအပေါ် ဖိအားတွေ တိုးလာနေတဲ့အကြောင်း ကရာချီမြို့ကနေ သတင်းထောက် နီယန် ဆဟိုတာရာက သတင်းဆောင်းပါး ပေးပို့ထားပါတယ်။











