Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
February 21, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထူးထူးခြားခြား အဖြူအမည်း ရုပ်ရှင်ကားတကား ဖြစ်တဲ့ Roma ! မက္ကဆီကန်-အမေရိကန် ဒရာမာ အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားဟာ ပြီးခဲ့တဲ့ လက ကျင်းပခဲ့တဲ့ ၇၆ ကြိမ်မြောက် နာမည်ကြီး ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဇာတ်ကားဆုတွေ ရရှိထားပါ တယ်။ စပိန်ဘာသာစကားပြော ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ မက္ကဆီကန် ရုပ်ရှင်ဒါ ရိုက်တာ Alfonso Cuarón က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ၁၉၇၀၊ ၇၁ ခုနှစ်ကာလ ၀န်းကျင်ကို အခြေတည်ရိုက်ကူးထားတဲ့ Roma ရုပ်ရှင် ကားဟာ မက္ကဆီကိုမှာ အလုပ်လုပ်ခဲ့တဲ့ အိမ်အကူတဦးနဲ့ သူအလုပ်လုပ်ရာ မိသားစု အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဒါရိုက်တာ Alfonso Cuarón က ရုပ်ရှင်ကို သူ ကြီးပြင်းရာ မက္ကဆီကို စီးတီးမြို့ အနီးဝန်းကျင် နေရာတခုနာမည်ကို ပေးထားတာဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ မက္ကဆီကန် သရုပ်ဆောင်မင်းသမီး ၂ ဦးဖြစ်ကြတဲ့ Yalitza Aparicio နဲ့ Marina de Tavira တို့က တခြားသရုပ်ဆောင်တွေနဲ့အတူ ခေါင်းဆောင်ပါ ၀င်ထားကြတာပါ။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.9 အထိ ရရှိထားပြီး ပါဝင်တဲ့ သရုပ် ဆောင်မင်းသမီး ၂ ဦးလုံးရော ရုပ်ရှင်ကားပါ မကြာခင်ကျင်းပမယ့် အော်စကာဆု ဆန် ကာတင်စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစ ကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ် ထားပါတယ်။ ထူးခြားတာက ဒီကားဟာ အွန်လိုင်းမီဒီယာကော်ပိုရေးရှင်းတခုဖြစ်တဲ့ Netflix က တင်ဆက်လိုက်တဲ့ ဇာတ်ကားတကား ဖြစ်နေပြီး ဟောလိဝုဒ် ရုပ်ရှင်လောကအနေနဲ့ အွန်လိုင်းမီဒီယာဝန်ဆောင်မှုလုပ်ငန်းကို သူ့ရဲ့ ထိပ်တန်းဆုတဆုဖြစ်တဲ့ အော်စကာဆု ကို ချီးမြှင့်မလားဆိုတာ စမ်းသပ်မယ့် သမိုင်းမှတ်တိုင်တခုလည်း ဖြစ်နေတာမို့ ပရိသတ် တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ခုတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ၇၁ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံး ဆုတဆုဖြစ်တဲ့ Palme d’Or ဆုကို ရရှိခဲ့တဲ့ ဂျပန်ရုပ်ရှင်ကား Shoplifters ! Crime Family Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကို တော့ ဂျပန်ရုပ်ရှင်ဒါရိုက်တာ Hirokazu Kore-eda က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ် ပါတယ်။ ဒီရုပ်ရှင်ကားကတော့ ပုံမှန်တွေ့နေကျဖြစ်တဲ့ ဂျပန်ရုပ်ရှင်ကားတွေမှာလို တကယ့် အက်ရှင်ခန်းတွေ၊ အသံကျယ်ကျယ်လောင်လောင်တွေ၊ အထူးရိုက်ချက်တွေ၊ ရုတ်တ ရက် အခန်းပြောင်းတာမျိုးတွေနဲ့ ဖန်တီးထားတာမဟုတ်ပဲ Kore-eda ရိုက်ကူးတဲ့ ဇာတ် လမ်းတော်တော်များများရဲ့ ထုံးစံအတိုင်း သာမန်လူတန်းစားတွေရဲ့ ဘ၀တွေကို ဖော်ပြနေတဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုးနဲ့ ပရိသတ်တွေက ရှုစားကြရမှာပါ။ တိုကျိုမြို့နောက်ခံ မြင်ကွင်းတွေနဲ့ အလစ်သုတ်သမား မိသားစုအကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မတူညီကြတဲ့ နယ်နိမိတ်တွေ၊ ဘာသာစကား တံတိုင်းတွေ၊ ယဉ်ကျေးမှုတွေ ရှိနေကြပေမယ့် တူညီတဲ့ ဘ၀စိန်ခေါ်မှု တွေ ရှိနေတဲ့ အကြောင်းကို မီးမောင်းထိုးပြထားခဲ့တာဖြစ်ပြီး မိသားစုနှောင်ကြိုး၊ မမြင် တွေ့နိုင်တဲ့ လူ့အဖွဲ့အစည်းနဲ့ ဘယ်တော့မှမသိနိုင်တဲ့ အမှန်တရားကို မေးခွန်းထုတ်ထား ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 8.1 အထိ ရရှိထားခဲ့တဲ့ ရုပ်ရှင်ကားတ ကားဖြစ်ပြီး ဒီကားထဲမှာ ဂျပန်သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Lily Franky ၊ Sakura Ando ၊ Mayu Matsuoka တို့နဲ့ တခြား သရုပ်ဆောင်တွေ အများကြီး က ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစ ကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ် ထားပါတယ်။ နိုင်ငံတကာမှာ ရုံတင်ပြသခဲ့ပြီးဖြစ်တဲ့ ဒီရုပ်ရှင်ကားဟာ Box Office မှာတော့ ၀င် ငွေ အမေရိကန်ဒေါ်လာ ၇၂ ဒဿမ ၄ သန်း ရရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့တဲ့ ရုပ်ရှင်ကား တကားဖြစ်တာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကလည်း ထူးခြားတဲ့ Animation Crmie Drama အမျိုးအစား ရုပ်ရှင် Ruben Brandt, Collector ! ဒီကားကိုတော့ Sony Classics ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ် ပြီး ဆလိုဗေးနီးယား ရုပ်ရှင်ဒါရိုက်တာ Milorad Krstic က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Ruben Brandt ဟာ ကျော်ကြားတဲ့ စိတ်ကုထုံးပညာရှင်တယောက်ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ဆိုးဝါးတဲ့ အိပ်မက်ဆိုးတွေ ခဏခဏမက်ပြီး ကမ္ဘာ့နာမည် ကျော် ပြတိုက်ကြီးတွေကနေ အနုပညာလက်ရာပန်းချီကား ၁၃ ကားကို ခိုးယူဖို့ ဖိအား ပေးခံရတယ်။ သူ့ရဲ့ ကုထုံးနဲ့ ကုသခံရတဲ့ လူနာတွေထဲမှာလည်း နာမည်ကျော် စောရတွေ ပါဝင်နေပြီး ဒီပြစ်မှုတွေ ကျူးလွန်လာတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ Ruben Brandt ဟာ သက်ဆိုင်ရာက အလိုအရှိဆုံး ရာဇ၀တ်ပြစ်မှုကျူးလွန်သူတ ယောက်ဖြစ်လာချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ဟန်ဂေရီသရုပ်ဆောင်မင်းသား Ivan Kamaras က Ruben Brandt အနေနဲ့ ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Csaba Marton ၊ Gabriella Hamori ၊ Katalin Dombi စတဲ့ သရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစ ကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ် ထားပါတယ်။ ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ပွဲတော်မှာ ပြ သခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ရွေးချယ်တင် ဆက်ပေးလိုက်ပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.9 အထိ ရရှိထားပြီး နိုင်ငံတကာမှာ တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန် မာရုပ်ရှင်ကားတကားဖြစ်တဲ့ Hero ဟီးရိုး ! ဒီရုပ်ရှင်ကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး အောင်နိုင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို မလေးရှား ရုပ်ရှင်ဒါရိုက်တာ Perakas Rajaram က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Perakas Rajaram ဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Tamil စကား ပြောရုပ်ရှင်ကားတကားဖြစ်တဲ့ Vennira Iravuggal ရုပ်ရှင်ကားနဲ့ ဒါရိုက်တာဆု အပါအ ၀င် တခြားရုပ်ရှင်ထူးချွန်ဆုတွေ ရရှိထားသူဖြစ်ပါတယ်။ အဲဒီကားက မလေးရှား၊ စင်ကာ ပူနဲ့ မြန်မာနိုင်ငံတွေမှာ ဇာတ်အိမ်တည်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ မြန်မာသရုပ်ဆောင်တွေ၊ ထုတ်လုပ်သူတွေနဲ့ ရိုက်ကူးမှုတွေ လုပ်နေပြီး မနှစ်က ရုံတင်ပြ သခဲ့တဲ့ တစ္ဆေပါလာပြီ ရုပ်ရှင်ကားကလည်း သူရိုက်ကူးခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ခုမိတ်ဆက်ပြောပြပေးခဲ့တဲ့ Hero ဟီးရိုး ကားထဲမှာတော့ မြန်မာနာမည်ကြီး သ ရုပ်ဆောင် မင်းသားမင်းသမီး ၂ ဦးဖြစ်တဲ့ မြင့်မြတ်နဲ့ ၀တ်မှုန်ရွှေရည်တို့က ခေါင်းဆောင် ပါဝင်ထားကြပြီး အချစ်၊ အလွမ်း၊ ဒရာမာပုံစံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါ ရီလ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဘောလိဝုဒ်ရုပ်ရှင် ပရိသတ်အကြိုက် ရုပ်ရှင်ကားတကားဖြစ်တဲ့ Gully Boy ! ဟင်ဒီစကားပြော Musical Drama အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကား ကိုတော့ အိန္ဒိယအမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Zoya Akhtar က ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မွမ်ဘိုင်းမြို့က Street Rapper ကောင်လေး Murad Ahmed အကြောင်းကို ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ သူဟာ အောင်မြင်တဲ့ Rapper တယောက် ဖြစ်လာလေမလား။ လမ်းမပေါ်က Street Rapper တွေရဲ့ ဘ၀ဖြတ်သန်းမှု တွေကို ဒီရုပ်ရှင်ကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသား Ranveer Singh နဲ့အတူ မင်းသမီး Alia Bhatt တို့က ခေါင်း ဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘောလိဝုဒ် ဂီတဒရာမာရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဒီရုပ်ရှင်ကားထဲမှာ အ ကအလှတွေနဲ့ ဇာတ်ဝင်သီချင်း Soundtrack ၁၉ ပုဒ်ထိ အသုံးပြုထားပြီး IMDb မှာ တော့ Rating 8.6 အထိ ရရှိထားတဲ့ ဇာတ်ကားတကားပါ။ ကြာမြင့်ချိန် ၁၅၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ Berlin International Film Festival မှာ ကနဦးပြသခဲ့ပြီး နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024