အသက် ၇၃ နှစ်အရွယ် အဘိုးအို ၁၀တန်းစာမေးပွဲ ဖြေဆိုမည်
ပိုင်စိုး
·
February 20, 2019
အသက် ၇၃ နှစ်အရွယ် အဘိုးအိုတယောက်ဟာ လာမယ့်မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲကို မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် အ.ထ.က ၅ စာစစ်ဌာနမှာ ၀င်ရောက်ဖြေဆိုဖို့ ရှိနေပါတယ်။
ကျောင်းတာဝန်ရှိသူတယောက်က “အရင်နှစ်တွေကတော့ မတွေ့ဘူး။ သူက အပြင်က ဖြေတာလေ။ ခု ဖြေဆိုခွင့်ကတ်ပြား လာထုတ်တော့ စိတ်ဝင်စားတာနဲ့ ဓာတ်ပုံတွဲ ရိုက်ထားလိုက်တယ်” လို့ ပြောပါတယ်။
ဖြေဆိုမယ့် အဘိုးဟာ ဦးစိုင်းအောင်ညွန့်ဖြစ်ပြီး သူ့ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအရ ရှမ်းပြည်နယ် မူဆယ်မြို့နယ်က ဖြစ်ပါတယ်။ သူ့ရဲ့ မွေးသက္ကရာဇ်က ၁၉၄၆ ခုနှစ် ဇွန်လ ဖြစ်ပြီး ဇီဝဗေဒ ဘာသာတွဲကို ဖြေဆိုမှာပါ။