ရသေ့တောင်မြို့နယ်ရှိ ဖရဲခင်းများကို တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာအုပ်စု၊ သာစည်ကုန်းကျေးရွာရှိ ဖရဲခင်းတွေကို တောဆင်ရိုင်းတွေက မနေ့ညက  ဝင်ရောက်ဖျက်ဆီးသွားပါတယ်။ သာစည်ကုန်းကျေးရွာမှာ ကျေးရွာသူ/သားတွေတွေ စိုက်ပျိုးထားတဲ့ သီးနှံခင်းတွေနဲ့ ဖရဲခြံ ၂ ခြံကို တောဆင်ရိုင်းတွေ ဝင်ရောက်စားသောက်ဖျက်ဆီးသွားတာလို့ သာစည်ကုန်း ရွာသားတွေက ပြောပါတယ်။ “ရွာသူ/သားတွေက ရွာပြင်မှာရှိတဲ့ စိုက်ခင်းတွေဆီမသွား ဝံ့ကြတော့ဘူး။ မိုင်းတွေပေါက်မှာ စိုးရိမ်တယ်။ ​နောက်​ပြီး တပ်နဲ့ရဲကလည်း ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ ရှိနေတယ်။ ဘယ်သူကိုမှ အပြင်ကိုထွက်ခွင့် မပေးဘူး။ ဒါကြောင့် စိုက်ပျိုးထားတဲ့ ဖရဲခင်းအချို့ တောဆင်ရိုင်း တွေ ဝင်ရောက်စားသုံး ဖျက်ဆီးတာကို ခံလိုက်ရတာပါ။ ဖရဲခင်းတခင်း စိုက်ပျိုးနိုင်ဖို့က အရင်းအနှီး ကြီးမားပါတယ်။ တဧက တခင်းကို ၆ သိန်းလောက် ကုန်ကျပါတယ်။ အခုကတော့ သာစည်ကုန်း ကျေးရွာမှာ ဖရဲခင်း ၂ ခင်း ၁၂သိန်းဖို့လောက် ပျက်စီး ဆုံးရှုံးသွားခဲ့ပါတယ်။ နောက်ပြီး ဖရဲခင်းကို ရေတင်တဲ့ ​ရေပိုက်​တွေပါ ပျက်စီးသွားပါတယ်” ရသေ့တောင်မြို့နယ် အောင်ဗလကျေးရွာအုပ်စုမှာ ပေါက်တောပြင်ကျေးရွာ၊ သာစည်ကုန်း ကျေးရွာ၊ ဆင်ပိုက်ကျေးရွာ၊ အောင်ဗလကျေးရွာ စတဲ့ ကျေးရွာ ၄ ရွာရှိပြီး ကျေးရွာအုပ်စု တခုလုံးမှာ အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၉၀၀ ကျော် နေထိုင်ပါတယ်။ ၂၀၁၈ ခုနှစ်​ နိုဝင်ဘာလ ၂၈ ရက်ကလည်း  ရသေ့တောင်မြို့နယ် ပိတောက်မြိုင် ကျေးရွာမှာ တောဆင်ရိုင်းနင်းခံရလို့  လူတဦးသေဆုံးခဲ့ရပါတယ်​။ ဗညား

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up