DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ပညာရှင်များ ဆွေးနွေး
DVB
·
September 30, 2012
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ပညာရှင်များ ဆွေးနွေး
1 / 3
Donate to DVB

တပ်မတော်ပိုင် မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံပိုင် ၀မ်ပေါင် ကုမ္ပဏီတို့ကနေ လုပ်ဆောင်နေတဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ သဘာဝ ပတ်ဝန်ကျင်ရေးရာ ပညာရှင်တွေနဲ့ ဒေသခံတွေ ဒီနေ့ ရန်ကုန် တော်ဝင်နှင်းဆီ စင်တာမှာ ကျင်းပပြုလုပ်ပါတယ်။

လက်ပန်းတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီဆွေးနွေးပွဲမှာ ၀င်ရာက်ဆွေးနွေးခဲ့တဲ့ ဆားလင်းကြီးမြို့နယ် ၀က်မှေးရွာက မသွဲ့သွဲ့ဝင်းက ပြောပါတယ်။

[caption id="attachment_31441" align="alignright" width="294" caption="မသွဲ့သွဲ့ဝင်း"][/caption]

“လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ပတ်သက်လို့ နေ့စဉ်တွေ့နေရတဲ့ ဒုက္ခတွေ၊ ဘုန်းကြီးကျောင်းတွေ ချိတ်ပိတ်ထားရတာတွေ၊ စာသင်ကျောင်းတွေ ကလေးတွေ ၂၀၁၁ ပညာသင်နှစ်မှာ ပညာသင်ခွင့်မရတာတာတွေ ထည့်ပြောခဲ့တယ်။ တခြား ပညာရှင်တွေကတော့ ဒီစီမံကိန်းဟာ လုံးဝ ရပ်ဆိုင်းသင့်တယ်ဆိုတာ ပြောကြတယ်။ ကျမလည်း သူတို့ပြောတာတွေ အကုန်သဘောတူပါတယ်။ ဒီစီမံကိန်း မရပ်ဆိုင်းမချင်း ကျမတို့ကတော့ ဆက်လှုပ်ရှားနေမှာပဲ။”

မသွဲ့သွဲ့ဝင်းဟာ ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ လုပ်ဆောင်ခဲ့တဲ့အတွက် မုံရွာအကျဉ်းထောင်မှာ ထိန်းသိမ်းခံရဖူးပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ ဆက်လက် တောင်းဆိုသွားမယ်လို့ သူကပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေနဲ့ ဥပဒေပညာရှင်တွေ၊ လက်ပန်းတောင်းတောင် ဒေသက ဒေသခံတောင်သူတွေ၊ မီဒီယာသမားတွေ အနုပညာရှင်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်တွေ တက်ရောက်ခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးနေပြီး ဖွံ့ဖြိုးရေးအတွက် စီမံကိန်း တခုချင်းစီအလိုက် ဆန်းစစ်ဖို့ လိုနေပြီလို့ ထောက်ပြ ပါတယ်။

“ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ကိုယ်စီကိုယ်စီရဲ့ အလှသရုပ်တွေ၊ ဘ၀တွေကို ပျက်စီးသွားမှာမျိုး စိုးရိမ်တယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေချင် တယ်။ ဒါကြောင့် အရေးတော်ပုံတွေကိုလည်း ဆင်နွှဲခဲ့တယ်။ ပေးဆပ်ခဲ့ကြတယ်။ ဒါပေမယ့် ဖွံ့ဖြိုးမှုအတွက် ဘာတွေပေးဆပ်ရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းသိရင် ကျနော်တို့ဟာ အကြောင်းအရာ တခုချင်းစီအလိုက်၊ စီမံကိန်း တခုချင်းစီအလိုက် ရွေးချယ်ခွင့် ရှိရပါမယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013