မွမ်ဘိုင်းမြို့က Street Rapper ကောင်လေးတယောက်အကြောင်း ရုပ်ရှင် – Gully Boy (နမူနာ)

ဘောလိဝုဒ်ရုပ်ရှင် ပရိသတ်အကြိုက် ရုပ်ရှင်ကားတကားဖြစ်တဲ့ Gully Boy ရုပ်ရှင်ကားကို မကြာခင် ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဟင်ဒီစကားပြော Musical Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ အိန္ဒိယအမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Zoya Akhtar က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မွမ်ဘိုင်းမြို့က Street Rapper ကောင်လေး Murad Ahmed အကြောင်းကို ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ သူဟာ အောင်မြင်တဲ့ Rapper တယောက် ဖြစ်လာလေမလား။ လမ်းမပေါ်က Street Rapper တွေရဲ့ ဘဝဖြတ်သန်းမှုတွေကို ဒီရုပ်ရှင်ကားထဲမှာ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီးရထားတဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသား Ranveer Singh နဲ့အတူ မင်းသမီး Alia Bhatt တို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘောလိဝုဒ် ဂီတဒရာမာ ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဒီရုပ်ရှင်ကားထဲမှာ အကအလှတွေနဲ့ ဇာတ်ဝင်သီချင်း Soundtrack ၁၉ ပုဒ်ထိ အသုံးပြုထားပြီး IMDb မှာတော့ Rating 8.6 အထိ ရရှိထားတဲ့ ဇာတ်ကားတကားပါ။ ကြာမြင့်ချိန် ၁၅၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ Berlin International Film Festival မှာ ကနဦးပြသခဲ့ပြီး နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up