Home
မြန်မာသတင်း
တပ်မတော်တင်သွင်းသည့်အဆို ရခိုင်ပြည်နယ်လွှတ်တော်တွင် ရှုံးနိမ့်  
DVB
·
February 20, 2019
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုအနေနဲ့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝိုင်းဝန်းကူညီ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော်မှာ ရှုံးနိမ့်သွားပါတယ်။ ဒီကနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက အဆိုတင်သွင်းခဲ့ရာမှာ လက်ခံဆွေးနွေးဖို့ မသင့်တဲ့အကြောင်း ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်အားလုံးက မတ်တပ်ရပ်ပြီး ကွက်လိုက်တာကြောင့်  အဆိုရှုံးနိမ့် သွားခဲ့တာပါ။ ဒီဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသက်ဦးမောင်က ဒီမနက် ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပြီး   တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးကျော်မင်း သန်းက ထောက်ခံဆွေးနွေးခဲ့ပါတယ်။ အဆိုကို လက်ခံဖို့ ဆွေးနွေးရန်သင့်/မသင့် လွှတ်တော်ဆန္ဒရယူရာမှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးဖို့မသင့်ကြောင်း ကန့်ကွက်ခဲ့ကြလို့ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုရယူခဲ့ပါတယ်။ ဒီကနေ့ လွှတ်တော်တက်ရောက်တဲ့ခွင့်ရှိတဲ့ ကိုယ်စားလှယ် ၄၁ ဦးရှိတဲ့အနက် ၃၅ ဦးတက်ရောက်ခဲ့ပြီး ဆန္ဒပြုခွင့်ရှိသူ ၃၄ ဦးရှိရာမှာ ထောက်ခံသူ ၁၁ ဦး၊ မဘောမတူသူ ၂၂ နဲ့ ကြားနေ ၁ ဦးရှိခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သက်ဦးမောင်ရဲ့ အဆိုကို ပြည်နယ်လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောမတူကြောင်းဆုံးဖြတ် ကြေညာ ခဲ့ပါတယ်။ အဆိုရှင်ဗိုလ်မှူးသက်ဦးမောင်ဟာ ဘင်္ဂါလီတွေ အကြမ်းဖက်သူတွေရဲ့ သတ်ဖြတ်ခံရလို့ ရခိုင်တိုင်းရင်းသားတွေနဲ့ တပ်မတော်သားတွေ သေဆုံးမှုရှိခဲ့တဲ့အကြောင်း အဆိုတင်သွင်းရာမှာ ပြောသွားပါတယ်။ ဒါ့အပြင် အေအေ လက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်ကာကွယ်ရေးခေါင်းစဉ်တွေ အမျိုးမျိုးတပ်ကာ ရခိုင်တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ကို အသုံးချပြီး Arakan Dream ၂၀၂၀ ရက္ခိတလမ်းစဉ်စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပြည်ထောင်စုက ခွဲထွက်ရေး၊ သီးခြားနိုင်ငံထူ ထောင်ရေး ရည်ရွယ်ထားတယ်လို့လည်း အဆိုရှင်က ပြောသွားပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024