DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် ဇေကမ္ဘာဦးခင်ရွှေတို့ ဟိုင်းကြီးကျွန်းတွင် နဂါးစာကျွေး
DVB
·
February 20, 2019
ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် ဇေကမ္ဘာဦးခင်ရွှေတို့ ဟိုင်းကြီးကျွန်းတွင် နဂါးစာကျွေး
1 / 8
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ မနေ့က ဟိုင်းကြီးကျွန်းမှာ နဂါးစာကျွေးခဲ့တယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နဲ့ နယ်စပ် တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းဗဟိုဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်  ဒေါက်တာ ခင်ရွှေတို့ဟာ မနေ့က ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ဇေယျသေနနဂါးမင်းကို နဂါးစာကျွေးခဲ့တာပါ။

အဲဒီနောက် ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာအရာရှိတွေနဲ့အတူ ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဖွင့်လှစ်ခဲ့ပါတယ်။

တဖုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်တို့ ပင့်ဆောင်လာတဲ့ ဗုဒ္ဓဆံတော်တွေထဲက ဆံတော် ၂ ဆူကို ဇေယျသေန နဂါးမင်းက ရရှိခဲ့ပြီး သရနတောင် အခုအခေါ် မော်တင်တောင်စွန်းမှာ သမုဒ္ဒရာထဲက ထုတ်ယူထားတဲ့ မြသား ရတနာနဲ့ စိုင်းတမော့ အရွယ်ရှိတဲ့ စေတီတော်ကို နတ်နဂါးဆင်ဖြူတော်အပေါင်းခြံရံပြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့မှာဆံတော်ဓာတ်နှစ်ဆူကို ဌာပနာပြီး ဆံတော်ရှင်မြတ်မော်တင် စေတီကို တည်ထားကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013