DVB Logo
Home
မြန်မာသတင်း
တရုတ်ပြည်ဘက် တရားမ၀င် သစ်မှောင်ခိုထုတ်
DVB
·
September 28, 2012
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းကနေ တရုတ်နိုင်ငံဘက်ခြမ်းကို ခွဲစိတ်ပြီးသား သစ်တွေ နေ့စဉ် ၁၀ ဘီးကားတွေနဲ့ တရုတ်နိုင်ငံဘက်ခြမ်းကို တရားမ၀င်ပို့ဆောင်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

မျက်မြင်သက်သေ ဗန်းမော်ဒေသခံက “တရားမ၀င်သစ်တွေ၊ မှောင်ခိုတွေပဲ တအားချနေကြတယ်။ လေးပေအထူ၊ ငါးပေးအထူ၊ ကိုးပေးအထူ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ ပိတောက်၊ သံမလန် အစုံသွားတယ်။ တရုတ်ဘက်ကိုရောက်ရင်လည်း ဈေးကောင်းမပေးဘူး။ ၁၀ ဘီးကားတွေ တရက်ကို ၁၅ စီးလောက်ရှိတယ်” လို့ ပြောပါတယ်။

ဗန်းမော်ခရိုင်အတွင်းက တပ်မတော်၊ ရဲတပ်ဖွဲ့၊ သစ်တော်ဌာနဲ့ အကောက်ခွန် ဌာနတွေ ကို ငွေပေးပြီး မြန်မာနိုင်ငံက ခွဲစိတ်ပြီးသာ သစ်တွေကို တင်ပို့နေတာပါ။

တရုတ်နိုင်ငံဘက်က သစ်ဝယ်လိုသူတွေဟာ အာဏာပိုင်တွေရဲ့ အစစ်ဆေး မေးမြန်းတာတွေ မရှိဘဲ ကချင်ပြည်နယ် ဗန်းမော်မြို့အထိ ဆင်းပြီး ၀ယ်ယူနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။

“သယံဇာတတွေ တအားနစ်နာတယ်။ ပြီးရင် လွယ်ဂျယ်က ကုန်သည် တရုတ်လောပန်းတွေက သူတို့ လက်ခွဲ ဗန်းမော်ကလူတွေကို ပိုက်ဆံပေးပြီး ကောင်းတုံမှာ သွားဝယ်ခိုင်းတာလေ။ ဟိုဘက်က တရုတ်တွေကလည်း မြန်မာစကားတတ်တာပဲ။ လမ်းမှာ အစစ်အဆေးလည်း မရှိဘူး။ သစ်လုပ်တဲ့သူဆို လွယ်ဂျယ်ကနေ ပါဂျဲရိုးတွေနဲ့ လာရင် လမ်းမှာရှိတဲ့ ဂိတ်တွေကလည်း ဘာမှမပြောတော့ဘူး။ သူတို့ကို လိုင်းကြေးပေးထားတော့ တရုတ်မကလို့ အင်္ဂလိပ်ပဲလာလာ။”

တရုတ်နိုင်ငံဘက်က ခွဲစိတ်ပြီးသာ သစ်အမျိုးမျိုးကို မြန်မာနိုင်ငံဘက်ကနေ ၀ယ်ယူနေပေမယ့် စားသောက်ကုန်နဲ့ ပတ်သတ်တဲ့ မြန်မာနိုင်ငံက ထွက်ကုန်တွေကို တရုတ်နိုင်ငံဘက်ကနေ မ၀ယ်ဖို့ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013