DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင်ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုကစီစဉ်ခြင်းမဟုတ်ဟု ကေအန်ယူ ထုတ်ပြန်
DVB
·
September 28, 2012
ဘားအံမြို့တွင်ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုကစီစဉ်ခြင်းမဟုတ်ဟု ကေအန်ယူ ထုတ်ပြန်
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီလကုန်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ဗဟိုဆက်ဆံရေးရုံးနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က သူတို့နဲ့ မပတ်သက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် စက်တင်ဘာ ၂၉ ရက် ဘားအံမြို့မှာ ရုံးဖွင့်ဖို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၀ ကျော် ဘားအံမြို့ကို မနေ့က ရောက်ရှိသွားပြီးနောက် ကေအန်ယူဘက်က သဘောထားထုတ်ပြန်ခဲ့တာပါ။

[caption id="attachment_31425" align="alignright" width="275" caption="ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး"][/caption]

အဲဒီခရီးစဉ်ဟာ ကေအန်ယူနဲ့သာမက ကေအန်အယ်လ်အေ ဗဟိုစစ်ဌာနချုပ်ရဲ့ အစီအစဉ်လည်း မဟုတ်ကြောင်း ကေအန်ယူ (ဗဟို) က စက်တင်ဘာလ ၂၇ ရက်နေ့ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ကေအန်အယ်လ်အေတပ်မတော်ဟာ ကရင်အမျိုသားအစည်းအရုံးရဲ့ ဌာန ၁၄ ခုထဲက တခုဖြစ်တဲ့ ကာကွယ်ရေးဌာနရဲ့ အုပ်ချုပ်ဦးဆောင်မှုမှာသာ တည်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရနဲ့ ဆွေးနွေးသဘောတူလက်မှတ်ထိုးတဲ့ အကြိမ်တိုင်းဟာ မြန်မာ အစိုးရနဲ့ ကေအန်ယူအကြား သဘောတူတာသာဖြစ်ပြီး ကေအန်အယ်လ်အေတပ်နဲ့ အစိုးရအကြား အထူးသီးသန့် သဘောတူညီတာ မဟုတ်ဘူးလို့ ရှင်းထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ဟာ စစ်မှန်သော ငြိမ်းချမ်းရေးရရှိဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားပြီး တွေ့ဆုံဆွေးနွေးရေး အစီအစဉ်တွေကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ချက်ချထားပြီးပြီလို့ ကြေညာချက်က ဆိုပါတယ်။

စစ်ဦးစီးချုပ်ရဲ့ ခရီးစဉ်အပေါ် အစည်းအရုံးကရော၊ တပ်ဘက်ကပါ တာဝန်မယူပေမယ့် ဒီဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ စစ်ဦးစီးချုပ်အပေါ် ဘယ်လို သဘောထားရှိတယ်ဆိုတာကိုတော့ ကြေညာချက်က မဖော်ပြထားပါဘူး။

ဒီသတင်းနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းပေမယ့် မရသေးပါဘူး။

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် အစိုးရအဆက်ဆက်ကို ဆယ်စုနှစ် ၆ ခုကျော် လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့  ကရင်အမျိုးသားအစည်းအရုံးဟာ ဒီနှစ်ဆန်းပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့တာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေတော့ မစတင်နိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013