ပြည်နယ် ၁၆ ခုပါဝင်သည့် ညွန့်ပေါင်းအဖွဲ့က သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကို တရားစွဲ

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေးရန်ပုံငွေအတွက် အရေးပေါ် အခြေအနေ ကြေညာတဲ့အပေါ် ကယ်လီဖိုးနီးယားပြည်နယ် ဦးဆောင်ပြီး ပြည်နယ် ၁၆ ခုပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့က သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။ သမ္မတ ထရမ့် တောင်းဆိုတဲ့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံတန် နယ်စပ်တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေကို အောက်လွှတ်တော်က ငြင်းဆန်ပြီးနောက်မှာ သမ္မတ ထရမ့်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ အဲဒီလို သမ္မတ ထရမ့် အထူးအာဏာကျင့်သုံးပြီး ရက်ပိုင်းမှာပဲ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းခရိုင်တရားရုံးကနေ တရားစွဲဆိုတာပါ။ ဒီတရားစွဲဆိုမှုတွေဟာ သမ္မတ ထရမ့်ရဲ့ နယ်စပ်တံတိုင်းတည်ဆောက်ရေး ကြိုးပမ်းမှုတွေကို နှေးကွေးစေနိုင်ပြီး ကွန်ဆာဗေးတစ်ဘက်ယိမ်းတဲ့ တရားရုံးချုပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ သမ္မတ ထရမ့်ရဲ့ အထူးအမိန့်ကြောင့် လွှတ်တော်အမတ်တွေ ခွင့်ပြုပမာဏထက် ကျော်လွန်တဲ့ နောက်ထပ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလျံကို ရရှိနိုင်ပါတယ်။ သမ္မတ ထရမ့်ရဲ့ အရေးပေါ်အခြေအနေ ကြေညာစရာ မလိုဘူးဆိုတဲ့ နုတ်ထွက်စကားကို ပြန်သုံးပြီး တရားစွဲမယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် ဆာဗီးယား ဘယ်သဲ့လာက ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရုပ်သံအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up