ဘိုလီးဗီးယားတွင် ကုန်ကားကို ခရီးသည်တင်ယာဉ် ဝင်တိုက်၊ လူ ၂၂ ဦးထက်မနည်း သေဆုံး

ဘိုလီးဗီးယားနိုင်ငံ ပိုတော့ဆီမြို့ပြင် အဝေးပြေးလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ အစောပိုင်းက ခရီးသည်တင်ယာဉ်တစီး မတော်တဆဖြစ်တာကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး တဒါဇင်လောက် ဒဏ်ရာရခဲ့ပါတယ်။ ပွတ်ပူရေအိုင်အနီး ဖြစ်ခဲ့တဲ့ မတော်တဆမှုမှာ ခရီးသည်ယာဉ်ရဲ့ တဖက်ခြမ်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။ သေဆုံးရုပ်အလောင်းတွေကို လမ်းမပေါ်မှာ စောင်တွေနဲ့ တန်းစီအုပ်ထားပြီးနောက် အိုရူရိုမြို့ ရေခဲတိုက်ဆီ ပို့ဆောင်ခဲ့ပါတယ်။ ခရီးသည်တင်ယာဉ်ဟာ အဝေးပြေးလမ်းမဘေးမှာ အချက်ပြမီး ဖွင့်မထားဘဲ ရပ်ထားတဲ့ ကုန်ကားတစီးကို ဝင်တိုက်ရာကနေ မတော်တဆမှု ဖြစ်ခဲ့တယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။

More News
Up