DVB Logo
Home
မြန်မာသတင်း
သဘင်သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဖွဲ့
DVB
·
September 28, 2012
သဘင်သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဖွဲ့
Donate to DVB

လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတရပ်အဖြစ် သဘင်သမဂ္ဂ တည်ထောင်ဖို့ ဖြစ်မြောက်ရေးကော်မတီ ယာယီကို ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။

သဘင်သမဂ္ဂဖြစ်မြောက်ရေးကော်မတီ ယာယီ ဥက္ကဋ္ဌ ဦးချစ်ဦးညို၊ အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော် (မန္တလေး) တို့ အပါအ၀င် အဖွဲ့ဝင် ၃၀ နဲ့ ဖွဲ့စည်းလိုက်တာဖြစ် ပါတယ်။

[caption id="attachment_31416" align="alignleft" width="259" caption=" သဘင်သမဂ္ဂဖြစ်မြောက်ရေးကော်မတီ ယာယီ ဥက္ကဋ္ဌ ဦးချစ်ဦးည"][/caption]

အခုဖွဲ့မယ့် သဘင်သမဂ္ဂဟာ အရင်ရှိနှင့်ပြီးသား မြန်မာနိုင်ငံသဘင်အစည်းအရုံးနဲ့ သီးခြားဖြစ်တဲ့အကြောင်းနဲ့ သမဂ္ဂဖွဲ့ရတဲ့ ရည်ရွယ်ချက်ကို ဥက္ကဋ္ဌ ဦးချစ်ဦးညိုက အခုလို ပြောပြပါတယ်။

“အခုဖွဲ့တာက သဘင်နယ်မှာပါတဲ့ မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ အစရှိတဲ့ အလွှာပေါင်း ၁၂ လွှာက သဘင်လောကသားတွေ အားလုံးရဲ့ သာရေး၊ နာရေး၊ သဘင်နဲ့ပတ်သက်တဲ့ အရေးအရာပြဿနာမှန်သမျှကို ကိုင်တွယ်ဖြေရှင်းပြီးတော့ ကူညီသွားဖို့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ”

သမဂ္ဂဖြစ်မြောက်ရေးကော်မတီရုံးကို တလလောက်အတွင်း ဖွင့်လှစ်သွားမှာဖြစ်ပြီး၊ သမဂ္ဂကိုတော့ ၆ လအတွင်း ဖွဲ့စည်းသွားမယ်လို့လည်း ဆိုပါတယ်။

အခုလို သမဂ္ဂဖြစ်မြောက်ရေးကော်မတီဖွဲ့နိုင်ဖို့ လွန်ခဲ့တဲ့ တနှစ်လောက် ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့ကိုလည်း  ပြန်လည် ဖွဲ့စည်းခဲ့ကြပြီး ဖြစ်ပါတယ်။

အခုတခါ သဘင်ပညာရှင်တွေကလည်း သူတို့လောကသားတွေအကျိုး ဆောင်ရွက်ပေးဖို့ သဘင်သမဂ္ဂ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လာကြတာပါ။

သူတို့ တတ်စွမ်းသမျှ လုပ်ဆောင်သွားမယ်လို့လည်း ဥက္ကဋ္ဌ ဦးချစ်ဦးညိုက ပြောပါတယ်။

“ကျနော်တို့ စွမ်းအားရှိသလောက် လုပ်သွားမယ်။ ကျနော်ဆိုရင် ဇာတ်သဘင်နဲ့ အသက်မွေးသူတဦးမဟုတ်ပါဘူး။ သို့သော်လည်း ကျနော့်မှာ သဘင်ကျေးဇူးတွေရှိတယ်။ ကျနော်က ဥက္ကဋ္ဌအနေနဲ့ သဘင်ချစ်တဲ့သူတွေ၊ စီးအီးစီမှာပါတဲ့သူတွေ အားလုံးက ဒီသဘင်လောကကြီးကို မြှင့်တင်နိုင်ဖို့အတွက် အနုပညာအရည်အသွေးရော၊ လူမှုရေးဘ၀တွေရော ပြဿနာပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာကို ကျနော်တို့ စွမ်းအားရှိသလောက် ပခုံးထမ်းပြီး ဖြေရှင်းလုပ်ဆောင်သွားပါမယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013