DVB Logo
Home
မြန်မာသတင်း
အောက်တိုဘာလအတွင်း မုန်တိုင်းငယ်တကြိမ် ဖြစ်နိုင်
DVB
·
September 28, 2012
အောက်တိုဘာလအတွင်း မုန်တိုင်းငယ်တကြိမ် ဖြစ်နိုင်
Donate to DVB

အောက်တိုဘာအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သဌာနက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

လာမယ့် အောက်တိုဘာလအတွက် မိုးလေ၀သနဲ့ဇလဗေဒခန့်မှန်းချက်တွေကို ထုတ်ပြန် လိုက်ရာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

[caption id="attachment_24279" align="alignright" width="274" caption="ဦးချစ်​ကျော်"][/caption]

အဲ့ဒီခန့်မှန်းချက်အရ အနောက်တောင် မုတ်သုံလေဟာ အောက်တိုဘာ ၁၀ ရက်လောက်မှာ မြန်ာမာနိုင်ငံကနေ ဆုတ်ခွာသွားမှာ ဖြစ်ပါတယ်။

မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က  “မိုးရွာသွန်းနိုင်တဲ့ အခြေအနေ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်တွေမှာ ရွာသွန်းမြဲထက်ပိုပြီးတော့ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်ဒေသတွေမှာတော့ အောက်တိုဘာလရဲ့ ရွာသွန်းမြဲပဲရွာမယ်လို့ ခန့်မှန်းထားတယ်။ တိုင်းဒေသကြီးတွေမှာ မိုးရွာရက်အနေနဲ့ ခန့်မှန်းထားတာကတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနသာင်္ရီတိုင်းဒေသကြီး၊ ကချင်နဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ၁၆ ရက်ကနေ ၁၈ ရက်လောက် မိုးရွာနိုင်တယ်။ ကျန် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ၁၃ ရက်ကနေ ၁၅ ရက်လောက်ခန့် မိုးရွာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

“အောက်တိုဘာလမှာ မြစ်ရေအခြေအနေက ဧရာဝတီမြစ်ရေဟာ ဟသာင်္တမြို့မှာ သူ့ရဲ့စိုးရိမ်ရေမှတ်ကို ၁ ကြိမ်ခန့်၊ ဒုဋ္ဌ၀တီမြစ်ရေဟာ မြစ်ငယ်မြို့မှာ ၁ ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၁ ကြိမ်ခန့်နဲ့ င၀န်မြစ်ရေဟာ ငသိုင်းချောင်းမြို့မှာ အဲမြို့တွေရဲ့ စိုးရိမ်ရေမှတ်ကို အသီးသီးကိုရောက်ရှိနိုင်ပြီး ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ် တလျှောက် မြို့တွေ မှာတော့ မြစ်ရေတွေဟာ လက်ရှိရေမှတ်ရဲ့ အထက်ကို အနည်းငယ် မြင့်တက် လာနိုင်သော်လည်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ခြင်းမရှိဘူးလို့ ခန့်မှန်းထားပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်တခုအဖြစ် အိန္ဒိယ နိုင်ငံကမ်းခြေကို ဖြတ်သန်းသွားမယ့်အကြောင်းလည်း ခန့်မှန်းပြောကြားပါတယ်။

ဒီမုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ ချင်းပြည်နယ်တို့မှာ မိုးရွာသွန်းနိုင်ပြီး၊ မိုးကြီးပြီး ရုတ်တရက် မြေပြိုတာမျိုး မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

အခုရက်ပိုင်း ထူးခြား ဖြစ်စဉ်နဲ့ သတိပြုရမှာတွေကိုလည်း ဦးချစ်ကျော်က အခုလို ပြောပါတယ်။
“မြစ်ရေက စစ်ကိုင်းတို့ဘာတို့ဘက်မှာ နည်းနည်းအတက်ကြမ်းလာတယ်။ ဒါပေမယ့် စိုးရိမ်ရေမှတ်တော့ မရောက်ဘူး။ သို့သော်လည်း အဲရေဟာ နောက် ၂ ရက်လောက်ဆို ဧရာဝတီတိုင်း ဟသာင်္တတို့ဘာတို့ကိုရောက်မယ်။ အဲအခါကျ အဲနေရာမှာလည်း ရေနည်းနည်းပြန်တက်မှာပေါ့။ လက်ရှိရေရဲ့ ၁ ပေခွဲလောက်ပြန်တက်မယ်။ ပဲစိုက်မယ့် တောင်သူတွေအနေနဲ့ အလွန်အမင်း စိုးရိမ်နေကြတယ်။ သို့သော် သူတို့ ပဲစိုက်ခင်းတွေ ပျက်စီးလောက်အောင် ရေတက်နိုင်မယ့် အခြေအနေတော့ မရှိဘူးဆိုတာကို ဖြည့်စွက်ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013