ကန့်ကော်ရွာ ပုလဲရတု ပန်းချီပြပွဲ ရန်ကုန်တက္ကသိုလ်တွင်ကျင်းပ
DVB
·
February 18, 2019
ကန့်ကော်ရွာ ပုလဲရတု ပန်းချီပြပွဲကို ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာမှာ ပထမ ဆုံးအကြိမ် ပြသခွင့်ရရှိခဲ့ပါတယ်။
ဒီပြပွဲဟာ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းပန်းချီခန်းမက သင်တန်းသား အသစ်တွေနဲ့ အဟောင်းတွေ ပူးပေါင်းပြသတဲ့ပွဲဖြစ်ပြီး ပြပွဲမှာ ပန်းချီဆရာပေါင်း ၆၃ ယောက်ရဲ့ ပန်းချီကားပေါင်း ၁၄၅ ကား ပြသထားပါတယ်။
ဒီပန်းချီအုပ်စုဟာ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် အမှောင်ခေတ်မှာ ပြပွဲတွေပြသခွင့် မရခဲ့ပဲ ဒီမိုကရေစီခေတ်ရောက်မှသာ အပန်းဖြေရိပ်သာမှာ ပထမဆုံးအကြိမ်ပြသခွင့် ရတာပါ။
ဒီပြပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ကနေ ၂၃ ရက် အထိ ရန်ကုန်တက္ကသိုလ် အပန်းဖြေ ရိပ်သာမှာ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ်ပြသနေပါတယ်။
သားကြီးမောင်ဇေယျ