အိုင်အက်စ် စစ်သွေးကြွ ၈ဝဝ ကျော်ကို တရားစီရင်ရန် ထရမ့် တိုက်တွန်း

ဆီးရီးယားနိုင်ငံထဲကနေ ဖမ်းမိတဲ့ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်စစ်သွေးကြွ တိုက်ခိုက်ရေးသမား အယောက် ၈ဝဝ ကျော်ကို ပြန်ခေါ်ပြီး တရားစီရင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပ မဟာမိတ်တွေကို ဖေဖော်ဝါရီ ၁၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ယူဖရေးတီးစ်မြစ်ဝှမ်းက အိုင်အက်စ်တွေရဲ့ နောက်ဆုံးနယ်မြေကို သိမ်းပိုက်ဖို့ အမေရိကန်က ကျောထောက်နောက်ခံ ပေးထားတဲ့ တိုက်ခိုက်ရေးသမားတွေက ကြိုးစားနေတာပါ။ အိုင်အက်စ်တွေရဲ့ ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံ အမည်ခံ နယ်မြေတွေကို နှိမ်နင်းသိမ်းပိုက်ပြီးရင် ဆီးရီးယားနိုင်ငံထဲက အမေရိကန်တပ်တွေကို ပြန်ခေါ်ဖို့ ထရမ့်က ကတိပေးထားပါတယ်။ ဒါကြောင့် ဆီးရီးယား အရှေ့မြောက်ပိုင်းက တူရကီရဲ့ ပတ်သက်မှုနဲ့ အမေရိကန်ရဲ့ ကာဒစ်ရှ် မဟာမိတ်တွေရဲ့ ကံကြမ္မာအပေါ် မေးခွန်းထုတ်မှု တိုးနေပါတယ်။ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ ဆီးရီးယား အလယ်ပိုင်းက ဝေးလံသီခေါင်တဲ့ ကန္တာရဒေသကို တပ်စွဲထားဆဲပါ။ အီရတ်နိုင်ငံရဲ့ မြို့တွေထဲမှာ ဇာတ်မြှုပ်ထားတဲ့ မြေအောက်လှုပ်ရှားမှုတွေကနေ တိုက်ခိုက်မှုအသစ်တွေကို တကျော့ပြန် ဆင်နွှဲနိုင်ပေမယ့် ပိုင်နက်အချုပ်အခြာကိုတော့ အပြီးသတ် ရှင်းနိုင်လုနီးပါး ဖြစ်နေပြီလို့ မီဒီယာတွေက သုံးသပ်တင်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up