ချန်ပီယံဆုအတွက် ဘာစီလိုနာကို လိုက်မီနိုင်သေးဟု ရီးရဲလ်နည်းပြ ပြော

လာလီဂါချန်ပီယံဆုဖလားအတွက် ဘာစီလိုနာကို လိုက်မီနိုင်သေးတယ်လို့ ရီးရဲလ်နည်းပြ ဆိုလာရီက ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့က အိမ်ကွင်းမှာကစားခဲ့တဲ့ ဂျီရိုနာအသင်းနဲ့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ၉ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။ လက်ကျန်ပွဲစဉ် ၁၂ ပွဲပဲ ကစားဖို့ကျန်ရှိတော့အချိန်မှာ ၉ မှတ်ကွာဟတာက သိပ်ကိစ္စမရှိဘဲ ချန်ပီယံဆုကို လက်လွှတ်မှာမဟုတ်သေးဘူးလို့ ရှုံးပွဲအပြီးမှာ ရီးရဲလ်နည်းပြ ဆိုလာရီက ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်ကောင်းတွေ အမြန်ဆုံးပြန်ရအောင် ဆက်လက်ကြိုးစားဖို့တော့ လိုအပ်ပြီး ဖလားသုံးလုံး လမ်းကြောင်းပေါ်မှာ ဆက်ရှိနေသေးတယ်လို့ ဆိုလာရီက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်ကွင်းလယ်မှာ လူကာမိုဒရစ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့တာက အားနည်းချက်ဖြစ်စေခဲ့ပြီး ဂျီရိုနာနဲ့ပွဲမှာ အသင်းခေါင်းဆောင် ရာမို့စ်လည်း ထုတ်ပယ်ခံခဲ့ရလို့  လာမယ့်ပွဲစဉ်တွေအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up