DVB Logo
Home
မြန်မာသတင်း
ထိုင်းနှင့်မြန်မာ ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေး ပူးတွဲကော်မတီ ဖွဲ့စည်းရန် သဘောတူ
DVB
·
September 28, 2012
ထိုင်းနှင့်မြန်မာ ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေး ပူးတွဲကော်မတီ ဖွဲ့စည်းရန် သဘောတူ
Donate to DVB

မြန်မာနိုင်ငံ တောင်ဘက်စွန်းက ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက် ထိုင်း-မြန်မာ ပူးတွဲဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းဖို့   မြန်မာနဲ့ ထိုင်းနိုင်ငံအကြား သဘောတူလိုက်ကြပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ကို ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ထရာက စက်တင်ဘာ ၂၆ ရက်နေ့  ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ သွားရောက်တွေ့ဆုံပြီး အခုလို သဘောတူညီခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

[caption id="attachment_31408" align="alignleft" width="266" caption="ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်"][/caption]

ဒီသဘောတူချက်ဟာ လွန်ခဲ့တဲ့ ၂ လတုန်းက သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံကို လာရောက်ခဲ့စဉ်က ဆွေးနွေးခဲ့တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းဆိုင်ရာ ဖွံ့ဖြိုးရေး ကိစ္စတွေ ရဲ့ နောက်ဆက်တွဲ ဆွေးနွေးချက်ဖြစ်တယ်လို့ ဆိုပါတယ်။

သဘောတူချက်အရ ထိုင်းဝန်ကြီးချုပ် ယင်လတ် ထိုင်းနိုင်ငံကို ပြန်ရောက်လာရင် ထိုင်းဘက်က ကော်မတီကို ဖွဲ့စည်းမှာဖြစ်ပြီး  နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးဖို့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဆောင်ရွက်မယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဒီရေနက်ဆိပ်ကမ်း ပူးတွဲဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို လာမယ့် နိုဝင်ဘာလ ပြုလုပ်မယ့် အာဆီယံ အစည်းအဝေးမှာ ၂ နိုင်ငံ ပူးတွဲကြေညာလိုတဲ့ အတွက် ကော်မတီအစည်းအဝေးကို အလျင်မီ လုပ်ဆောင်စေလိုတယ်လို့ သမ္မတဦးသိန်းစိန် က ပြောပါတယ်။

မြန်မာသမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ဟာ မဲဆောက်-မော်လမြိုင်လမ်းမကြီး တိုးချဲ့ ဆောက်လုပ်ရေးကို လည်း ဆွေးနွေးခဲ့ပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံက မဲဆောက် - ကော့ကရိတ် - မြ၀တီ လမ်းမကြီးကို ၀င်ရောက် ဆောင်ရွက်နေတာမှာ ထိုင်း - မြန်မာ - အိန္ဒိယ ၃ နိုင်ငံ ဆက်သွယ်ရေးလမ်းမကြီးနဲ့ ဆက်စပ်နိုင်အောင် မော်လမြိုင်မြို့ အထိပါ တိုးချဲ့ခင်းကျင်း ပေးစေလိုကြောင်း သမ္မတဦးသိန်းစိန်က တောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံ ရန်ကုန်တိုင်းက သီလ၀ါဆိပ်ကမ်း စက်မှုဇုန်မှာ စီးပွားရေး လုပ်ငန်း လုပ်ဖို့ကိုလည်း  စိတ်ဝင်စားတဲ့အတွက် ထိုင်းနိုင်ငံ စက်မှု ၀န်ကြီးဌာန ၀န်ကြီးက သွားရောက် ဆွေးနွေးမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် က ပြောပါတယ်။

မြန်မာ့နယ်မြေ ကော့သောင်းခရိုင်ထဲကို ၀င်ရောက်သွားတဲ့ ထိုင်းလူမျိုး ၈၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ထိုင်းဝန်ကြီးချုပ်က မြန်မာသမ္မတ ဦးသိန်းစိန်ကို ပြောခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013