Thursday, June 8, 2023
HomeLead Storyမဲဆွယ်အပြုံးသရော်စာဖော်ပြခဲ့သည့် တနင်္သာရီဂျာနယ်အယ်ဒီတာကို ငွေဒဏ်ချမှတ်

မဲဆွယ်အပြုံးသရော်စာဖော်ပြခဲ့သည့် တနင်္သာရီဂျာနယ်အယ်ဒီတာကို ငွေဒဏ်ချမှတ်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို ဂုဏ်သိက္ခာထိခိုက်စေတယ်ဆိုပြီး မဲဆွယ်အပြုံး သရော်စာဖော်ပြခဲ့တဲ တနင်္သာရီဂျာနယ်တာဝန်ခံအယ်ဒီတာကို ဒီနေ့ ငွေဒဏ်ချမှတ်လိုက်ပါတယ်။

ဒီမှုကို တနှစ်ကျော်ကြာ စစ်ဆေးပြီးတဲ့နောက် ဒီနေ့မနက် ထားဝယ်မြို့နယ်တရာရုံးက အမိန့်ချတာလို့ ဂျာနယ်တာဝန်ခံအယ်ဒီတာ ကိုမျိုးအောင်က ပြောပါတယ်။

“ဒါ မီဒီယာလောကတခုလုံးအတွက် နစ်နာတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့် အတွက်လည်း သတိပေး ခေါင်းလောင်းသံပေါ့” လို့ ပြောပါတယ်။

ဒီအမှုကို သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ စွဲဆို အမိန့်ချခဲ့တာဖြစ်ပြီး ဒဏ်ငွေ ကျပ် ၅ သိန်း၊ ဒါမှမဟုတ် ထောင်ဒဏ် ၆ လ ကျခံရမယ်လို့ အမိန့်ချခဲ့ပါတယ်။ ဒီပုဒ်မအရ ငွေဒဏ် ၃ သိန်းကနေ ၁၀ သိန်းအထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။

ကိုမျိုးအောင်ရဲ့ ရှေ့နေ ဦးမောင်မောင်စိုးက “ဒဏ်ငွေမဆောင်ရင် ထောင်ဒဏ်ချရမယ်လို့တော့ ရာဇဝတ်ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတာရှိတယ်။ ဒါပေမယ့် ဒါက အထူးဥပဒေဖြစ်တော့ အဲဒီလို ဆုံးဖြတ်လို့ မရဘူး” လို့ ပြောပါတယ်။

ဆုံးဖြတ်ချက်အပေါ်မှာ အယူခံအဆင့်ဆင့်တက်ဖို့ စီစဉ်သွားမယ်လို့လည်း သူက ပြောပါတယ်။

ကလောင်ရှင် မူးဆေးအိုးရဲ့ မဲဆွယ်အပြုံး သရော်စာကို ၂၀၁၇ နိုဝင်ဘာလက ဂျာနယ်မှာ ဖော်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဂုဏ်သိက္ခာထိခိုက်တယ်ဆိုပြီး တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular