DVB Logo
Home
မြန်မာသတင်း
ရှားခဲကျေးရွာ ပဋိပက္ခဖြစ်ပွားမှုကြောင့် ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ
DVB
·
September 28, 2012
ရှားခဲကျေးရွာ ပဋိပက္ခဖြစ်ပွားမှုကြောင့် ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ
Donate to DVB

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲတိုက်နယ်ကျေးရွာမှာ ဒေသခံ အင်းလုပ်သားနဲ့ အင်းလုပ်ငန်းရှင်တွေ ခိုက်ရန်ဖြစ်ပွားရာမှာ ၁ ဦး သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်က ၀င်ရောက် ပစ်ခတ်နှိမ်နင်းတဲ့အတွက် နောက်ထပ် ၂ ဦး ထပ်မံသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အခင်းစတင်ဖြစ်ပွားပုံကတော့ စက်တင်ဘာလ ၂၇ ရက်ည ၈ နာရီလောက်က ငါးလုပ်ငန်းသမ၀ါယမ ဦးမြင့်ဟန်ဦးဆောင်တဲ့ အင်းသူဌေး အဖွဲ့သား လူတစုလက်ချက်နဲ့ အင်းလုပ်သား ရွာသား ကိုတရုတ် ခေါ် ကိုဝင်းနိုင် သေဆုံးခဲ့ပါတယ်။

ဒီကိစ္စကို အရေးယူဖော်ထုတ်ပေးဖို့   ကျေးရွာသားတွေက အုပ်ချုပ်ရေးမှူးရုံးကိုသွားရောက်တဲ့ အချိန်မှာ ရဲက ၀င်ရောက်ပစ်ခတ် နှိမ်နင်းခဲ့တဲ့အတွက် နောက်ထပ်ရွာသား ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားတယ်လို့ အခင်းဖြစ်ပွားချိန်မှာ ရှိနေတဲ့ ဒေသခံ ကိုထွန်းထွန်းမိုးက ပြော ပါတယ်။

“ဦးမြင့်ဟန်တို့ ဦးကြည်တို့ခေါ်ခိုင်းထားတဲ့ ဖိုးလူဝနဲ့ အပေါင်းအပါတစုက ကိုတရုတ်ကို ဓားနဲ့ခုတ်သတ်လိုက်တယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ညပိုင်းမှာ ဓားနဲ့ခုတ်သတ်တဲ့ သူတို့အဖွဲ့ကို တာဝန်ရှိတဲ့ရဲတွေက အရေးယူဆောင်ရွက်ပေးဖို့ ရှားခဲကျေးရွာအုပ်စု တစုလုံးက တောင်းဆိုတယ်။ အဲမှာ ရဲကားတွေရောက်လာပြီးတော့ ရဲတွေနဲ့ ပြည်သူတွေ လုံးထွေးဖြစ်ပြီးတော့ ရဲတွေက ဒေသခံလူထုထဲက လူ ၄ ဦးကို သေနတ်နဲ့ပစ်လိုက်တာ ၄ ယောက် ဒဏ်ရာရသွားတယ်။ ၂ ယောက်ကတော့ သေပြီ။ ၂ ယောက် ဆေးရုံတက်ထားရတယ်။”

ဓားဒဏ်ရာနဲ့ ကိုတရုတ် (ခေါ်) ကိုဝင်းနိုင်သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့က နှိမ်နင်းလို့ ကိုကြည်သိန်းနဲ့ ကိုကျော်ဆန်းငွေ သေဆုံးခဲ့ပါတယ်။ ကိုကျော်ဇင်သန့်နဲ့ ကိုဝင်းသန်း ၂ ဦးကတော့ သေနတ် ဒဏ်ရာကိုယ်စီနဲ့ အထောင်ဆေးရုံကတဆင့် ပုသိမ်ဆေးရုံကို ပို့ဆောင် ကုသခဲ့ရတယ် လို့ ဒေသခံက ပြောပါတယ်။

ဟင်္သာတဆေးရုံက “ညက ကိုဝင်းနိုင် အသက် ၄၅ နှစ်ရောက်လာတယ်၊ လမ်းမှာပဲသေတာ။ ဒီကို အသက်မရှိတော့တဲ့ လူသေအလောင်းပဲ ရောက်လာတယ်” လို့ ပြောပါတယ်။

ရှားခဲအင်းရွာ အထောင်ရဲစခန်း ရဲအရာရှိ ဦးကျော်ဝေက “ဒီမှာလည်း သတင်းအတိအကျ မရနိုင်ဘူးဖြစ်နေတယ်။ ကျနော်တို့နဲ့လည်း ဝေးတယ်လေ။ ဟသာင်္တခရိုင် ခရိုင်မှူးက အဲ့မှာ ထိုင်နေတာဆိုတော့ သူက သတင်းကို အထက်ကို ဖုန်းနဲ့ပဲ ဆက်သွယ်အလုပ်လုပ်တာဆိုတော့ ကျနော်တို့က ကြားခံဆိုတော့ ဘာမှမသိဘူးဖြစ်နေတယ်။ အကြမ်းဖျင်း သိရသလောက်တော့ သူတို့အချင်းချင်း အကြီးအကျယ်ဖြစ်ကြလို့ ရဲက ၀င်ထိန်းပေးတယ်ပြောတယ်” လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေအတွက် အရေးယူဆောင်ရွက်ဖို့ တောင်းဆိုရာမှာလည်း တစုံတရာ အရေးယူဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ဒေသခံ ကိုထွန်းထွန်းမိုးက ပြောပါတယ်။

“အခုအချိန်ထိ လူမိုက် ဖိုးလူဝ အဖွဲ့ကို ရဲတွေဟာ ဖမ်းဆီးခြင်း၊ ဥပဒေအရ တရားစွဲတာမရှိသေးဘူး။ သူတို့ လက်လွှတ်နေတယ်။ ပြည်သူတွေကိုတော့ လုံခြုံရေးအရ တာလမ်းတွေပေါ်မှာရော၊ အိမ်ပတ်ဝန်းကျင်မှာရော အပြည့်ချပြီး ပိတ်ဆို့မှုတွေလုပ်ထားတော့ အထိတ်တလန့်နဲ့ အနေအစား အခက်အခဲမျိုးစုံနဲ့ တွေ့ကြုံနေရပါတယ်။”

ရှားခဲအင်းကို ပြည်သူတွေ လုပ်ကိုင်စားသောက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ရာမှာ ဧရာဝတီတိုင်း စီမံ/စီးပွားရေးဌာန တိုင်းဝန်ကြီး ဦးတင်စိုးကနေပြီး ၄၅ သိန်းနဲ့ ချပေးခဲ့တာပါ။ ဒါပေမယ့် ဦးမြင့်ဟန်၊ ဦးကြည်တို့ သူဌေးအဖွဲ့က ၆၅ သိန်း ပေးပြီး အင်းကို လေလံယူခဲ့ချိန်ကစပြီး ဒေသခံတွေ လုပ်ကိုင်စားသောက်ရေးမှာ အခက်အခဲဖြစ်ပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားတဲ့အထိ ဖြစ်လာရတာလို့ ဆိုပါတယ်။

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013