Home
ရုပျသံ
မုံရွာမြို့တွင် ဆီဆိုင်မီးလောင် (ရုပ်သံ)
Aung Ko Latt
·
February 18, 2019
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းဘေး၊ စွမ်းရည်ထက် ပန့်ဆီဆိုင်တခု ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၆ နာရီခွဲလောက်က မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ပန့်စက် ၃ လုံး၊ သံဖရိန်အဆောက်အဦနဲ့ ဆီပေပါ ၁၃၅ လုံး မီးလောင်ခဲ့ပါတယ်။ "အတည်တော့မပြုရသေးဘူး။ ကနဦးကြားရတာတော့ ဆီပေပါထဲ ဆီလှယ်နေတုန်း မီးလောင်တယ်လို့တော့ သိရပါတယ်" လို့ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ပြောပါတယ်။ ဆီဆိုင်မီးလောင်ရာမှာ အချိန်မီငြှိမ်းသတ်နိုင်ခဲ့တာကြောင့် ဆီပေပါတွေ မပေါက်ကွဲခဲ့သလို လူတွေလည်း ထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။ မီးလောင်ရာကို မီးသတ်ယာဉ် ၁၃ စီးနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေတွေ စုစုပေါင်း ၂၀၀ ကျော် နာရီဝက်လောက်အကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မီးလောင်ရတဲ့အကြောင်းရင်း စိစစ်နေဆဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024