ယာယီစာနယ်ဇင်းကောင်စီ ကော်မတီ ၄ ခုဖွဲ့
DVB
·
September 28, 2012
ယာယီစာနယ်ဇင်းကောင်စီဟာ စက်တင်ဘာ ၂၇ ရက်နေ့က အစည်းအဝေးပြုလုပ်ပြီး ကော်မတီ ၄ ရပ်ဖွဲ့စည်းလိုက်ကြောင်း အတွင်းရေးမှူး သည်ဗွိုက်စ်ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဒီဗွီဘီကို ပြောပါတယ်။
စီမံနှင့်ဘဏ္ဍာရေးကော်မတီကို ဦးသောင်းစုငြိမ်း၊ ကျင့်ဝတ်နှင့် ဥပဒေရေးဆွဲရေး ကော်မတီကို ဦးကျော်မင်းဆွေ၊ အငြင်းပွားမှုများနဲ့ တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီကို ဟန်ဂေရီ ဦးကိုကိုကြီး၊ ပြန်ကြားရေးနဲ့ ဆက်ဆံရေး ကော်မတီကို ဒေါ်နန်းကလျာဝင်းတို့က တာဝန်ယူသွားမယ်လို့ ရှင်းပြပါတယ်။
ဒု - ဥက္ကဋ္ဌ ဦးစိုးသိန်း ခေါ် မောင်ဝံသ စာနယ်ဇင်းကောင်စီက နုတ်ထွက်သွားပြီဆိုတဲ့ သတင်း မှန်ကန်မှုမရှိဘဲ စင်ကာပူမှာ ဆေးသွားကုဖို့အတွက် ခွင့် ၃ ပတ် ယူထားတာသာ ဖြစ်ကြောင်း ဦးကျော်မင်းဆွေနဲ့ ဆရာမောင်ဝံသ မိသားစုက အတည်ပြုပြောကြားပါတယ်။