ရေလွှမ်း ဇင်ဘာဘွေ ရွှေတွင်းထဲမှ လုပ်သားအလောင်း ၂၂ လောင်း တွေ့ရှိ

ဇင်ဘာဘွေနိုင်ငံ ဟာရာရဲ ပြည်နယ် အနောက်ခြမ်းက တရားမဝင် ရွှေတွင်းတခုမှာ ဒီသီတင်းပတ် အစောပိုင်းက ရေလွှမ်းခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ ကယ်ဆယ်ရေး သမားတွေဟာ တွင်းသားအလောင်း ၂၂ လောင်း ထက်မနည်း ဆွဲထုတ်နိုင်ခဲ့ပါတယ်။ တွင်းသား ၈ ယောက်ကိုတော့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာပါ။ ဆွေမျိုးတွေနဲ့ တခြား တွင်းသားတွေဟာ သတ္ထုတွင်း ဧရိယာထဲမှာ စခန်းချပြီး သူတို့ ချစ်ခင်သူတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သတင်းကို စောင့်ဆိုင်းနေခဲ့ပါတယ်။ တချို့ကတော့ သတင်းအချက်အလက် မရလို့ စိတ်ပျက်ကြောင်း ပြခဲ့ကြပါတယ်။ မြို့တော် ကနေ အနောက်ဘက် ၁၀၉ မိုင်အကွာက သတ္ထုတွင်းထဲမှာ ဖေဖော်ဝါရီ ၁၂ ရက်က မတော်တဆ ဖြစ်ချိန်တုန်းက တွင်းသား အယောက် ၇၀ လောက် ရှိနေခဲ့တာပါ။ ဇင်ဘာဘွေ နိုင်ငံဟာ မနှစ်က ရွှေချောင်း တန်ချိန် ၃၃ တန်ထိ စံချိန်တင် ထွက်ရှိခဲ့ပြီး ဒီသတ္ထုတွင်းကလည်း ဒီစံချိန်ထဲမှာ ပါဝင်ခဲ့ပါတယ်။ Battlefields ဒေသနဲ့ အနားဝန်းကျင်တွေဟာ ရွှေသိုက်ကြွယ်ဝလို့ မာခိုရိုခိုဇာလို့ ခေါ်တဲ့ ရွှေတူးသူတွေကြားမှာ လူကြိုက်များပါတယ်။ မြေတွေပျော့နေလို့ မိုးရာသီမှာ အလွယ်တကူ မြေပြိုလေ့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up